ဖက်တီးက သူ့မေးစေ့အောက်ကအသားတွေကိုပွတ်သပ်လာပြီး
"ထန်ကော၊ ဒီလိုမပြောချင်ပေမဲ့...တစ်ညလုံးသောင်းကျန်းတတ်တဲ့ ငါတို့ရဲ့ထန်ကော ဘယ်ရောက်သွားတာလဲ?"

ယန်ထန်ကအေးစက်စွာပဲ နှာခေါင်းရှုံ့ပြတယ်။
ဖက်တီးမျက်နှာကို လက်ညှိုးတည့်တည့်ထိုးလာကာ
"ငါ့လက်သီးအရသာလေး မေ့နေတာလား?"

ဖက်တီးက ချက်ချင်းပါးစပ်ပိတ်သွားပြီး၊ အသားကင်ကိုသာ ငြိမ်ငြိမ်လေးထိုင်စောင့်နေလိုက်တယ်။

ဝူယွဲ့ကိုဖျောင်းဖျခဲ့ပေမဲ့၊ ဝူယွဲ့က သူတို့ကိုလုံးဝနားမထောင်ခဲ့ဘူး။
အကုန်လုံးက လူငယ်တွေပဲတဲ့လေ။

ယန်ထန်က ဝူယွဲ့ကိုစိတ်ဆိုးတာမဟုတ်ပါဘူး၊ ဝူယွဲ့ကောင်မလေးကို ပိုစိတ်ခုနေရတာ။
အခုတော့ ဝူယွဲ့က သူ့မျက်နှာကိုအိုးမဲသုတ်လိုက်သလိုပဲ။

နှစ်ရှည်လများသူငယ်ချင်းဆက်ဆံရေးက ထင်သလောက်မကောင်းခဲ့ဘူးဖြစ်ရမယ်။

စားသောက်ပြီးနောက်မှာ၊ ဝူယွဲ့ကိုပြဿနာရှာနေတဲ့သူကို မစောင့်ကျတော့ဘူး။
ပိုက်ဆံမြန်မြန်ရှင်းပြီး အိမ်ပြန်ဖို့သာစီစဉ်လိုက်ကျတယ်။
ဖက်တီးကအိမ်နဲ့နီးတော့ အရင်ပြန်သွားတယ်။
ယန်ထန်ကတော့ စက်ဘီးယူဖို့အတွက် ကျောင်းကိုပြန်ရောက်လာခဲ့တယ်။

စက်ဘီးက နှစ်စီးပဲကျန်တော့တာ။

ယန်ထန်က သူ့စက်ဘီးကိုသော့ဖွင့်နေပြီး၊ ဘေးစက်ဘီးကတော့ ကောင်မလေးဟာနဲ့တောင်တူနေသေးတယ်။
အရှေ့မှာခြင်းတစ်ခုရှိနေပြီး ခုံကလည်းသိပ်မမြင့်ဘူး။
ပန်းရောင်ပန်းပွင့်လေးတွေနဲ့ ကြယ်အချို့ကိုတောင်တွေ့မြင်နိုင်သေး။

ယန်ထန်က တစ်ချက်သာလှမ်းကြည့်ပြီး၊ လွယ်အိတ်ကိုနောက်ပို့ကာ ကျောင်းဝန်းထဲမှထွက်လာခဲ့လိုက်တယ်။

ဆည်းဆာချိန်က အနီရောင်တောက်ပနေတယ်၊ သူ့ကိုယ်ပေါ်ကိုတောင် အလွှာတစ်ခုအလားကျရောက်နေလျက်။

လူငယ်လေးတွေက ဘယ်လိုဝမ်းနည်းရမလဲဆိုတာကို နားမလည်ကျသေးဘူး။

ဖွင့်ပွဲအခမ်းအနားအပြီးမှာ၊ ကျောင်းသားတွေအတွက် အားလပ်ရက်ရခဲ့တယ်။
အိမ်ပြန်ပြီးပဲ စာလုပ်ခိုင်းတယ်လေ။
မကြာခင်မှာပဲ၊ ပထမနှစ်ရဲ့ ပထမဆုံးသောစာမေးပွဲကြီးရောက်လာတော့မှာ။

Hedgehog And Tiger [Myanmar Translation]Where stories live. Discover now