ကျေးဇူးတင်ခြင်း

4.7K 460 85
                                    

ကျွန်တော်အစက ဒီတိုင်းလေးပဲ ဘာမှမပြောပဲ နေတော့မယ်လို့ စိတ်ကူးလိုက်ပေမယ့် ကျွန်တော့်မှာ ကျေးဇူးတင်စရာတွေ အရမ်းများနေလို့ပါ။

ပထမဆုံး ကျွန်တော့်followersတွေရယ် ရိပေါ်ကောရယ်၊ရှောင်းကျန့်ကောရယ်ကို ကျေးဇူးတင်ပါတယ်။ ကောတို့ နှစ်ယောက်ကြောင့် ကျွန်တော် လူပိုသိလာတယ်ဆိုတာ ငြင်းမရပါဘူး။ 1K followersကနေ‌အခု4.3Kထိ ရောက်လာခဲ့တာ ကောတို့ ကျေးဇူးကြောင့်ပါ။

Viewersတွေထဲမှာလဲ ကျွန်တော့်စာဖတ်သူထက် ကောတို့ရဲ့ Fanတွေ ပိုများခဲ့တာပါ။ ကောတို့ကြောင့် စာအုပ်ထုတ်ဖို့ စာအုပ်တိုက် ၄ခုလောက်ထိ လာကမ်းလှမ်းခံခဲ့ရတယ်။ ကျွန်တော့်အတွတ် ပထမဆုံးပါပဲ။

ကောတို့ရဲ့Fanတွေနဲ့ ကောတို့ကို ကျွန်တော် ဒီနေရာက ကျေးဇူးတင်ပါတယ်။ +ခန်းတွေတောင် အရင်က အခုထက် ကြမ်းကြမ်းတမ်းတမ်း ရေးတတ်တဲ့ ကျွန်တော်က ကောတို့imageကို ထိမှာစိုးလို့ တတ်နိုင်သမျှ စကားလုံးတွေထိန်းပြီး ရင်ခုန်အောင် ရေးနိုင်ခဲ့တယ်။ အဲ့တာတွေအတွတ်လဲ ကျေးဇူးတင်ပါတယ်။

ပြီးတော့ ကျွန်တော့်နောက်ကို ယုံကြည်ပြီး အမြဲလိုက်နေကြတဲ့ စာဖတ်သူတွေ။ ကျွန်တော် အသစ်ရေးတိုင်း အမြဲဖတ်ပေးပြီး ကျွန်တော်နဲ့ အတူတူ လိုက်ပါလာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်ဗျ။

Gaelဆိုတဲ့ စာရေးသူက စာဖတ်သူတွေကြောင့်သာ ဆက်ပြီး ရပ်တည်နေနိုင်တာပါ။ ကျွန်တော်က စာရေးရုံပဲဆိုပေမယ့် အဓိက ကျွန်တော့်ကို ရပ်တည်နိုင်အောင်၊ စာတွေဆက်ရေးနိုင်အောင် အမြဲဂရုစိုက်ပေးနေတဲ့ စာရေးသူတွေကို ကျွန်တော် ဒီနေရာက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ဗျ။

ကျွန်တော် ဒီ့ထက်ကောင်းအောင် ကြိုးစားပြီး အကောင်းဆုံးတွေကို ချပြနိုင်အောင် ကျွန်တော်ပိုကြိုးစားပါ့မယ်လို့လဲ ကတိပေးပါတယ်။












UnchangedWhere stories live. Discover now