°6°

10.7K 1.1K 45
                                    

ရှောင်းကျန့် ဒီနေ့တစ်နေ့လုံး နေရတာအဆင်မပြေ။ အကြောင်းအရင်းကတော့ ဝမ်ရိပေါ်ကြောင့်။ မနက်ကထဲက အခုညထိ သူ့အခန်းထဲကို ရောက်မလာခဲ့ဘူး။ အရင်ကလို တီတီတာတာတွေလဲ စကားလာမပြောတော့ဘူး။

စိတ်ကအလိုမကျတော့ ဒေါသကထွက်လာသည်။ ဒေါသထွက်လာတိုင်း ဆေးလိပ်နဲ့ဘီယာကိုသာ ဖိသောက်သည်။ ဝမ်ရိပေါ်လဲ အတူတူပဲ။ သူမနဲ့ ဘာမှမထူးမခြားပါပဲ။ ရှောင်းကျန့်ဘဝထဲကို ဝင်လာပြီး ဒဏ်ရာတွေ ပေးပြီးမှ ထွက်သွားတဲ့ သူကြည့်ပဲ။

စိတ်ကအဆင်မပြေပေမယ့် မသိစိတ်ကနေ ဝမ်ရိပေါ်ကို မျှော်နေမိသည်။ အရင်က ခြောက်ကပ်ကပ်လဲ နေဖြစ်ခဲ့တဲ့အခန်းက အခုတိတ်ဆိတ်နေတာမျိုးကိုကျ ရှောင်းကျန့်သဘောမကျတော့ဘူး။

စိတ်မရှည်စွာ ဆံပင်တွေကို ဆွဲဖွပစ်သည်။ ဒီနေ့တစ်နေ့လုံး ထမင်းလုံးဝမှ မစားရသေး။ ဘာတွေဖြစ်နေတာလဲ ရှောင်းကျန့်ရာ။ မွေ့ယာပေါ် လက်သီးနဲ့ တဘုန်းဘုန်း ထိုးပစ်မိသည်။

*ဦးလေးကြီး*

အခန်းအပြင်က အသံသေးသေးလေးကြောင့် ရှောင်းကျန့်လက်တွေက လေထဲတွင် ရပ်တန့်သွားသည်။ သူ နားကြားမှားနေတာလား။

*ဦးလေးကြီး ကျွန်တော်ဝင်ခဲ့မယ်နော်*

ထပ်ပြီးထွက်ပေါ်လာသည့် အသံချိုချိုလေးကြောင့် ရှောင်းကျန့် လက်တွေကိုရုတ်ပြီး ကုတင်ကိုမှီကာ ရှုတည်တည်သာ ထိုင်နေလိုက်သည်။

အခန်းထဲကို ဝင်လာသည့် ကောင်လေးကို စိုက်ကြည့်လိုက်တော့ ရှောင်းကျန့်ကို ရယ်ပြလာသည်။ ရယ်သာပြနေတာ မျက်နှာလေးက ငယ်လျက်။ ရှောင်းကျန့်စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသည်။ မင်းကို မျက်နှာညှိုးအောင် ဘယ်ကောင်လုပ်တာလဲဆိုပြီး မေးချင်သည့်စိတ်ကို လက်သီးကျစ်ကျစ်ဆုပ်ကာ ထိန်းချုပ်လိုက်သည်။

*ဟင်..ညစာမစားဘူးလား*

သူ့ဘေးနား ဝင်ထိုင်ရင်း စားပွဲပေါ်က ထမင်းကိုကြည့်ကာ ညည်းတွားတွားလေးဆိုလေသည်။ ရှောင်းကျန့် နားကပ်ထိုင်နေသည့်အတွတ် ရလာသည့် ကိုယ်သင်းနံ့သင်းသင်းလေးက သူ့စိတ်တွေကိုတောင် ကြည်လင်သွားစေသည်။

UnchangedWhere stories live. Discover now