°31°

10.4K 922 45
                                    

မနက်ကမှ သူ့လက်ကို ဆေးထည့်ပေးထားသည့်ကောင်လေးက အခုကျတော့ ရှောင်းကျန့်ကို မခေါ်ပြန်။ စကားကိုလဲ မေးတဲ့တစ်ခွန်းသာ ပြန်ဖြေသည်။ အပိုအလိုမပြော။ နေ့လည်စာ စားတော့လဲ ရှောင်းကျန့် ထည့်ပေးသည့် ဟင်းတွေကို ပန်းကန်စွန်းလေးမှာ တင်ထား‌ေလသည်။

တစ်ကယ်ကို ဝမ်ရိပေါ်ဟာ ဂျစ်တူးလေးဖြစ်သည်။
တစ်ခါမှ ရှောင်းကျန့်အပေါ် စိတ်မကောက်ဘူးတော့ အခုစိတ်ဆိုးတော့ ရှောင်းကျန့်မှာ အသဲတယားယား။ နှုတ်ခမ်းလေးကို စူထော်ကာ တစ်အိမ်လုံးကို စကားပြောသည်။ ရှောင်းကျန့်ကိုသာ မသိယောင်ဆောင်ပြီး စကားဝိုင်းထဲကို အဝင်မခံ။

*ရေသောက်အုံး*

ရှောင်းကျန့် ရေခွက်လေးလှမ်းပေးတော့လဲ မယူပဲ သူ့ဘာသာ ငှဲ့ထည့်ကာ သောက်လေသည်။ ပါးပါးက နေ့လည်စာ စားနေရင်း ရှောင်းကျန့်တို့ကို ကြည့်နေလေသည်။

*ဒီနေ့ သားကြိုက်တဲ့ ဝက်ကုန်းဘောင် မပါပါလား*

*ကောင်လေးတစ်ယောက် စိတ်ဆိုးပြီး မချက်ပေးတာ ထင်ပါရဲ့ ပါးပါးရာ*

ရိပေါ်မှာ ကိုကို့စကားကြောင့် ထမင်းစားနေရင်း အပေါ်နှုတ်ခမ်းလေးကို ထော်ပစ်လိုက်သည်။ တစ်ကယ်လဲ ရိပေါ်က စိတ်ကောက်နေ၍ ကိုကို့ဖို့ နေ့တိုင်းချက်ပေးသည့် ဝက်ကုန်းဘောင်ကို မချက်ပေးခြင်းဖြစ်သည်။

*ငါ့သားကတော့ ရိပေါ်လေးနဲ့ လက်ထပ်ပြီးရင် စိတ်မဆိုးအောင် ထားမှဖြစ်မယ်ထင်တယ်။ တော်ကြာ စိတ်ဆိုးရင် ဘာမှချက်မကျွေးပဲ နေလိမ့်မယ်*

*အဲ့ကျတော့လဲ ပါးပါးရာ..ရိုက်ပြီးခိုင်းရမှာပေါ့*

ရှောင်းကျန့်၏ ရယ်ကျဲကျဲ စကားသံအဆုံး ရိပေါ်က တူကိုကိုက်ကာ ရှောင်းကျန့်ကို ပေစောင်းစောင်းနဲ့ ကြည့်လိုက်လေသည်။ ဒါကိုပင် ရှောင်းကျန့်က မမြင်ယောင်ဆောင်ကာ ပြုံးစိစိနဲ့ ထမင်းစားနေသေးသည်။

ရိပေါ် မျက်လုံးတွေက အလိုက်မသိစွာ ကိုကို့ဆီကနေ ချန်ယင်းဆီရောက်သွားတော့ ရန်စသလို အကြည့်များဖြစ်သွားသလားမသိ။ ချန်ယင်းမျက်နှာတစ်ခုလုံး နီရဲနေကာ ဒေါသထွက်နေပုံရသည်။

UnchangedWhere stories live. Discover now