Extra

15.2K 917 39
                                    

*ဒီပရောဂျက်နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အားလုံးကို တင်ပြပေးပါ့မယ် ဘော့စ်*

ရှောင်းကျန့် ခေါင်းညိမ့်လိုက်ကာ ပရောဂျက်တာပေါ် ပေါ်လာသည့် အရာတွေကို ကြည့်လိုက်သည်။ ဒီပရောဂျက်သည်လုပ်ငန်းတိုးချဲ့မှု ဖြစ်ကာ ဟိုတယ်သစ် ဆောက်လုပ်ခြင်းပင်။

အစည်းအဝေးခန်းမို့ အားလုံး ငြိမ်သက်နေကာ မှတ်စရာရှိတာတွေကို လိုက်မှတ်နေကြလေသည်။

*ဒီမြေနေရာကတော့ အားလုံးသိပြီးတဲ့အတိုင်း ခရီးသွားပေါပြီး အချက်အချာကျတဲ့ နေရာပေါ့။ ဟိုတယ်ပုံစံကိုတော့ ဘယ်သူမှမဆောက်လုပ်ရသေးတဲ့ ဒီဇိုင်းကို ပြင်ဆင်ထားပါတယ်။*

ရှောင်းကျန့် ဦးစီးပြီးမှ လုပ်ငန်းတိုးချဲ့မှုတွေက ပိုများလာလေသည်။ ရှောင်းကျန့် ရှင်းပြနေသည့် အကြောင်းအရာကို သေချာနားထောင်နေကာ ပိုကောင်းမည့် အစီအစဉ်ကိုပါ တွေးထားသည်။

*ဟိုတယ် အပေါ်ဆုံးထပ်မှာ ဉယျာဉ်လေး လုပ်ထားမယ်။ ပြီးတော့ အခန်းတိုင်းမှာ သစ်ပင်တွေစိုက်ပေးပြီး ပန်းအိုးအသေးလေးတွေ ထားပေးထားမယ်။ ပြီးရင်..*

*ကလင် ကလင်*

ရှေ့က ပြောပြနေသည့် ဝန်ထမ်းလေးသည် ရှောင်းကျန့်ဆီက ဖုန်းလာသံကြောင့် ပြောလက်စလေးကို ရပ်ထားလေသည်။ ရှောင်းကျန့်လဲ ဖုန်းကိုထုတ်ကာ ကြည့်လိုက်တော့ ရိပေါ်။

အခြားဝန်ထမ်းတွေက သူတို့သူဋေးကို ကြည့်ကာ ဆက်ပြောရမလား၊ မပြောရမလား တီးတိုးပြောနေကြလေသည်။ ရှောင်းကျန့် အားလုံးကို လက်အသာကာပြကာ

*Hello*

*ဦးလေးကြီး..*

ဟိုဘက်ကနေ ရိပေါ်၏ ငိုမဲ့မဲ့အသံလေးက ထွက်လာလေသည်။ ရှောင်းကျန့် မျက်နှာတွင် စိုးရိမ်မှုတွေကို အတိုင်းသား မြင်နေရလေသည်။

*ဘာဖြစ်လို့လဲ ရိပေါ်။ တစ်ခုခုဖြစ်လို့လား ကိုယ့်ကိုပြော*

*ဗိုက်အောင့်လို့ ဦးလေးကြီး..*

ရိပေါ်ဆီက တိုးသဲ့သဲ့အသံလေး ကြားရပြီးနောက် ရှောင်းကျန့် ရင်ထဲ ဒိတ်ခနဲ ဖြစ်သွားသည်။ လက်တွေကလဲ စာရွက်စာတမ်းတွေကို သိမ်းပြီးသား ဖြစ်နေလေပြီ။

UnchangedWhere stories live. Discover now