°23°

9.6K 875 46
                                    

*ပါးပါးက ဆန်ပြုတ်သောက်ချင်လို့လား*

*နည်းနည်းပါ..သားမလုပ်ပါနဲ့။ အကူတွေပဲ ခိုင်းလိုက်ပါ*

*မဟုတ်တာ..သား လုပ်ပေးပါ့မယ်*

ရိပေါ်နဲ့ ပါးပါးစကားပြောနေတာကို ကြည့်ပြီး ရှောင်းကျန့်မှာ ရင်ထဲပီတိဖြစ်နေမိသည်။ အရင်ကတော့ သွက်သွက်လက်လက်ရှိခဲ့သည့် ပါးပါးက အခုများတော့ စိတ်မောကိုယ်မော ဖြစ်နေလေပြီ။

ခန့်ညားသည့် မျက်နှာကလဲ ရောဂါကြောင့် ချောင်ကျနေသည်။ ချန်ယင်းကတော့ မနက်ဆို အလှတွေ ပြင်ဆင်ကာ ထွက်သွားလေပြီ။ ပါးပါး ပြောတာတော့ သင်တန်းတက်နေသည်တဲ့။ ကုမ္ပဏီဘက်ကိုလဲ လှည့်ကြည့်ပုံမပေါ်။

ရှောင်းကျန့်ကို တွေ့တိုင်း အားနာသလို ဖြစ်နေသည့် ပါးပါးက တစ်ခါတစ်လေ တောင်းပန်သည့် အကြည့်တွေဖြင့် ကြည့်နေတတ်သည်။ ရှောင်းကျန့်စိတ်ထဲ တကယ်ဆို ဘာမှပင် မရှိတော့ပါ။ ပါးပါးအပြစ်လို့လဲ မဆိုချင်။ကြည့်ရသလောက် ချန်ယင်းနဲ့ ပါးပါးတို့ အိမ်‌ေထာင်ရေးတွင် ချန်ယင်းက ထင်တိုင်းလုပ်ပြီး ပါးပါးက ဘာမှပြောချင်စိတ်မရှိသည့်ပုံ။

ချန်ယင်းကို တွေ့ချင်ပါတယ်လဲ မပြော။ အတူရှိနေလျှင်တောင် စကားမပြောကြပေ။ ပါးပါးနဲ့ချန်ယင်းကြားထဲ ရှောင်းကျန့်မသိသည့် တစ်ခုခုများ ရှိနေသလားလို့တောင် တွေးမိနေသည်။

*ရပြီ ပါးပါး..စားရအောင်နော်။ ပူတော့ပူသေးတယ်*

‌ဆန်ပြုတ်ပန်းကန်လေး မ လာကာ ပါးပါး၏ တစ်ဖက်ခြမ်းတွင် တင်ပါးလွှဲထိုင်ကာ ဆန်ပြုတ်ကို အေးသွားအောင် လေနှင့်မှုတ်ပေးနေလေသည်။

ရိပေါ်အတွတ်ကတော့ အခုလို လုပ်ပေးရ၍ စိတ်ရှုပ်စရာလို့ပင်မမြင်။ ပါးပါး ဆုံးသွားတော့ နောက်ထပ် အဖေတစ်ယောက် အစားထိုးရလိုက်သလိုပင်။

*ပါးပါး အာ..*

နွေးနွေးလေး ဖြစ်မှပါးပါးကို ခွံ့ကျွေးလိုက်သည်။ ကိုကိုကတော့ ဘေးနားကနေ ထိုင်ကြည့်နေလေသည်။

*ကောင်းလားပါးပါး*

*ကောင်းပါ့ကွာ*

ကြက်သားလေးတွေကို မွှထည့်ထားကာ ငရုတ်ကောင်းလေးပါ ဖြူးပေးထားတော့ စားရတာ အရသာ ရှိမှာသေချာသည်။

UnchangedWhere stories live. Discover now