°27°

9.5K 923 49
                                    

မနက်လိုင်းဖွင့်လိုက်တာနှင့် တက်လာသည့် နိုတီသံတွေကြောင့် ရိပေါ် မျက်လုံးပင် ပြူးနေမိသည်။ followersတွေကလဲ တဟုန်ထိုး တက်နေလေသည်။ mentionတွေလဲ ခေါ်ထားကြတာ အများအပြား။

ရိပေါ် စိတ်ထဲ တစ်မျိုးဖြစ်နေ၍ mentionခေါ်တဲ့တစ်ယောက်၏ နိုတီကို နှိပ်လိုက်သည်။ ရိပေါ်မြင်မြင်ချင်း ခေါင်းတွေတောင် ချာလပတ်ယမ်းသွားသည်။

အကောင့်တုတစ်ခုက တင်ထားသည့် ရိပေါ်၏ sex chatထားသည့်စာများ။ ဒါပေမယ့် ရိပေါ် ထိုလိုတစ်ခါမှမလုပ်ခဲ့ဖူးပေ။ တစ်ဖက်က ရိပေါ်နဲ့ပြောထားသည့်သူ၏ အကောင့်ကိုကြည့်လိုက်တော့ ကိုကို။ ဘာတွေဖြစ်နေတာလဲ။ ကောမန့်တွေမှာလဲ ဆဲတဲ့လူကဆဲ၊ရှက်စရာတွေပြောတဲ့လူကပြောဖြင့်။

ရိပေါ် screenshotတွေထဲကမှပထမတစ်ခုကို ဖတ်မိလိုက်သည်နှင့်ပင် မျက်နှာတွေ ပူထူလာသည်။ အိပ်ယာပေါ်က စကားလုံးတွေနှင့် ရိပေါ်ဟာ မရင်းနှီး။ သူတို့ပြောထားသည့် စကားတွေက အလွန်အကျွံ။ တစ်ခါတစ်ရံ ရိုင်းရိုင်းစိုင်းစိုင်း စကားများပင် ပါနေလေသည်။

ရိပေါ် ကြောက်နေမိသည်။ ဘာလုပ်ရမည်မှန်းလဲမသိ။ ငိုပဲငိုလိုက်မိသည်။ သို့ပေမယ့် ထိုကောမန့်တွေကိုလဲ ရိပေါ် ဖတ်ဖြစ်‌အောင် ဖတ်နေသေးသည်။

/တက်သစ်စဆိုတော့ ဘဲကြီးဆီက ချူတာနေမှာနော်/

/အမလေး..ငါတို့ကြိုက်မိတာ ငါးပါးမှောက်ပြီဟေ့/

/X groupပိုင်ရှင်ရဲ့သားကို ဘယ်လိုတောင်ကပ်လိုက်လဲ မသိဘူးနော်/

ရိပေါ် ဘာမှမဖြေရှင်းတတ်။ screenအပြင်ကနေသာ ခေါင်းတွေအတင်းခါယမ်းနေမိသည်။ သူက ထိုလိုလူမဟုတ်ကြောင်း ဘယ်လိုပြောရမလဲ။ ရိပေါ် ကိုကို့ကို X groupရဲ့ ဆက်ခံသူမှန်းတောင် သိခဲ့တာမဟုတ်။

ဒီအတိုင်း ရိပေါ်တို့အိမ်မှာ လာနေသည့် ခပ်ဆိုးဆိုးအကိုကြီးတစ်ယောက်အနေနဲ့သာ သိခဲ့ပြီး သဘောကျခဲ့တာ။

*ငါ..ငါ ဘာလုပ်ရမလဲ*

ရိပေါ် လက်လေးတွေ တဆက်ဆက်တုန်နေကာ မျက်ရည်တွေ စီးကျလာပြန်သည်။ ရိပေါ် social mediaသုံးသည်မှန်ပေမယ့် အကvd fileလေးတွေ တင်ပြီး ဘာမှတောင် သိပ်ပြီးမသုံး။ ရိပေါ် တစ်ယောက်ထဲ ကူကယ်ရာမဲ့နေသည်။

UnchangedWhere stories live. Discover now