°28°

9.8K 892 38
                                    

မနေ့က ဖြစ်ခဲ့သည့် ပြဿနာတွေက ဒီနေ့ကျ ဘာမှမဟုတ်သည့်အတိုင်း။ ရိပေါ်ကို တမင်သပ်သပ် ပြဿနာရှာခဲ့သည့် ကောင်ကလဲ ပြန်တောင်းပန်နေကြသည်။ ရိပေါ်ဆီကိုလဲ စာတွေပို့ကာ အားပေးသူတွေက အားပေးနေကြလေသည်။

ထူးခြားသွားတာဆိုလို့ ရိပေါ်နဲ့ ရှောင်းကျန့် တွဲနေတာကို officialချပြလိုက်တာလေး တစ်ခုပင်။ အကုန်လုံးက အားပေးကြသလို အရင်က လုပ်ငန်းက လူတွေနဲ့၊အသိတွေလောက်သာ ရှိသော ရှောင်းကျန့်အကောင့်မှာ ခပ်ငယ်ငယ်ကလေးတွေပါ ရောက်လာလေပြီ။

ရှောင်းကျန့်က လက်ခံထားသည်တော့မဟုတ်။ ရိပေါ်နဲ့ ပတ်သတ်မည်ဟု ထင်သည့် သူလေးတွေကိုသာ လက်ခံထားခြင်းဖြစ်သည်။ကျန်တဲ့လူတွေက ဖော်လိုဝါ ဘဝ၌သာ ထားထားလေသည်။

*သား ပါးပါး ကုမ္ပဏီကို ခနလောက် ဦးစီးပေးပါ့လား*

မနက်စာ စားနေတုန်း ပြောလာသည့် ပါးပါးကြောင့် ရှောင်းကျန့်စားလက်စကို ရပ်ကာ ပါးပါးကို ကြည့်လိုက်သည်။ ပါးပါးမျက်ဝန်းတွင်မျှော်လင့်ချက်တွေဖြင့်။ ကုမ္ပဏီက ချန်ယင်းဦးစီးနေတာ မဟုတ်ဘူးလား။

ရိပေါ်ကတော့ ဘာမှနားမလည်၍ ရှောင်းကျန့်ကိုတစ်လှည့် ရှောင်ပါးကို တစ်လှည့် ကြည့်နေလေသည်။ ချန်ယင်းကတော့ ရှောင်းကျန့် ဖြေလာမည့်အဖြေကိုသာ စိတ်ဝင်စားသလို ပေါင်မုန့်ကို ဝါးနေရင်း နားထောင်နေလေသည်။

*ကုမ္ပဏီက ချန်ယင်းဦးဆောင်နေတာ မဟုတ်ဘူးလား ပါးပါး*

*ဟုတ်ပါတယ်။ ဒါပေမယ့် သားကိုလဲ ပါးပါး ဦးစီးစေချင်တယ်။ ပါးပါးသာ တစ်ခုခုဖြစ်သွားရင် ဒါတွေက သားလက်ထဲကိုပဲ အပ်ခဲ့ရမှာတွေလေ*

ရှောင်ပါးစကားကြောင့် ချန်ယင်း လက်သီးကို ကျစ်နေအောင် ဆုပ်ထားမိသည်။ အဖိုးကြီးက ပိုင်ဆိုင်သမျှကို သူ့သားကိုသာ ပေးချင်နေသည်။ ချန်ယင်းကို ဒါမျိုး လာလုပ်လို့တော့မရ။

*ပါးပါးက လုပ်စေချင်ရင် ပါးပါး ဆန္ဒလေးပြည့်အောင် လုပ်ပေးလိုက်ပါ ကိုကို။ ကျန်တာတွေ ကျွန်တော် ဘာမှနားမလည်ပါဘူး။ ဒါပေမယ့် ပါးပါးကိုတော့ ပျော်စေချင်တယ်*

UnchangedWhere stories live. Discover now