°13°

10.1K 930 72
                                    

*တောက်..တောက်*

ရိပေါ်တို့ အိမ်လေးဆီမှ ထွက်ပေါ်လာသော အသံဖြစ်သည်။ ရိပေါ်က ပန်းအိုးလေးတွေကို အိမ်ထဲအလှစိုက်ထားချင်၍ နံရံမှာ သစ်သားပြားလေးတွေကို ရိုက်နေခြင်းဖြစ်သည်။

ထို သစ်သားပြားလေးတွေကလဲ ဆေးသုတ်ပြီးသား သစ်သားပြား အပြာအဝါလေးတွေဖြစ်သည်။ နံရံအပေါ်နည်းနည်းမြင့်မြင့်မှာထားထား၍ ထိုပျဉ်ပြားလေးတွေကို ရှောင်းကျန့်က အောက်ကကိုင်ပေးထားရသည်။ ဝမ်ရိပေါ်ကတော့ ခုံပေါ်ကနေတက်ကာ သံဖြင့်ရိုက်နေခြင်းဖြစ်သည်။

*ရရော ရရဲ့လားကွာ*

ရှောင်းကျန့်က အားကြိုးမာန်တက်နဲ့ ကြိုးစားနေသည့် ရိပေါ်ကို မေးလိုက်သည်။ မရရအောင် ရိုက်နေသည့်ကောင်လေးက ရှောင်းကျန့် သေချာကိုင်ပေးထားတာကိုတောင် မရိုက်တတ်ပေ။

*ဦးလေးကြီးက သေချာကိုင်ထားပါဆိုဗျာ။ ဦးလေးကြီးကြောင့် ရွဲ့သွားပြီ*

*အေး အေး*

ရှောင်းကျန့်ကပဲ သေချာမကိုင်ပေးလို့ဆိုတာ ဖြစ်လိုက်ရသေးသည်။ မရိုက်တတ်ဘူးဆို မရိုက်တတ်ဘူးမပြောဘူး။

ရှောင်းကျန့်က ရိပေါ်လက်ကို တူနဲ့ထုမိမှာစိုး၍ လုပ်ပေးမည်ဟု ပြောတာကို လက်မခံပေ။ သူ လုပ်တတ်ပါသည်တဲ့။

*ဦးလေးကြီးက လုပ်ပြန်ပြီဗျာ*

*ဟ..မင်းကို ငါသေချာကိုင်ပေးထားတာပဲလေ။ ဖယ်တော့ ဆင်းတော့ ..ငါ လုပ်မယ်*

*မရပါဘူး..ကျွန်တော်လုပ်မှာ*

ရှောင်းကျန့် စုပ်သပ်လိုက်ကာ ပျဉ်ပြားကို လက်တစ်ဖက်ထဲဖြင့်ကိုင်ကာ ကျန်လက်တစ်ဖက်ဖြင့် ရိပေါ်ကို ခုံပေါ်ကနေအောက်သို့ ပွေ့ချီချပစ်သည်။

မျက်လုံးလေး ပြူးနေသည့် ရိပေါ်ကို ဂရုမစိုက်အား။

*ရော့ ကိုင်ထား*

ဝမ်ရိပေါ်ကို ပျဉ်ပြားအား ကိုင်ခိုင်းကာ ရှောင်းကျန့်က ခုံကို ဘေးသို့ရွှေ့လိုက်ပြီး ပျဉ်ပြားတွေကို သံနဲ့တေ့ကာ ထုရိုက်လိုက်သည်။ အောက်က ဝမ်ရိပေါ်ကတော့ သူ မလုပ်ရ၍ စူပုပ်လို့။

UnchangedWhere stories live. Discover now