°34°

9.8K 840 41
                                    

*ငါတို့က သူ့ဇနီးကို ရာထူးပြောင်းမယ်ထင်နေတာလေ*

*ငါတို့ဥက္ကဌက ဇနီးထက် သားကို ပိုချစ်တာပဲကွ*

အစည်းအဝေးခန်းမထဲ တိုးတိုးတိတ်တိတ် စကားသံများ ပေါ်ထွက်လာလေသည်။ အကြောင်းအရင်းကတော့ ရှောင်ပါးသည် CEOနေရာကို ရှောင်းကျန့်ကို လွှဲပေးကာ ကုမ္ပဏီနဲ့ပတ်သတ်သမျှအရာအားလုံး ရှောင်းကျန့်ဆီ လွှဲပေးထားခြင်းဖြစ်လေသည်။

ချန်ယင်းကတော့ ပျက်ယွင်းနေသည့် မျက်နှာကို ဆက်မထိန်းထားနိုင်တော့။ တိုးတိုးလေးပြောနေကြသည့် စကားတွေပေမယ့် သူမနားထဲ အကုန်ရောက်နေသည်။ အသက်ကြီးကြီး အဖိုးကြီးကိုယူပြီး သူမနာမည်အပျက်ခံခဲ့သည်ဆိုတာ အခုလို ဖြစ်ခံဖို့မှ မဟုတ်ပဲ။

*အခု ရှောင်းကျန့်နဲ့ သူ့အဖေရဲ့နောက်မိန်းမလေး ချန်ယင်းက အရင်ကရည်းစားတွေဆို*

*ဟုတ်တယ်လေ..အခုစီအီးအိုက နိုင်ငံခြားမှာ ဘွဲ့လွန်တက်လာတာ။ အခု လက်ရှိသူဋေးကလဲ ကျန်းမာရေးမှ မကောင်းတာ။ ကတိမ်းကပါးဖြစ်သွားရင် သူတို့ချင်း ပြန်ဆက်သွယ်ချင်ဆက်သွယ်ကြမှာပေါ့*

ပါးစပ်က စည်းမစောင့်သော လူအချို့၏ပါးစပ်ထဲတွင် ရှောင်းကျန့်တို့က ပြောစရာသဖွယ်ဖြစ်နေသည်။ရှောင်ပါးက သူ့သားကို အရေးကြီးတဲ့လူတွေနဲ့ မိတ်ဆက်ပေးနေ၍ ဘယ်သူ့ဘက်မှ မလှည့်အား။

ချန်ယင်းကတော့ တစ်ခုခုကို တွေးတောနေကာ ရှောင်းကျန့်ဆီကိုလဲ ကြည့်သေးသည်။ သိပ်ခန့်ညားနေသည့် ကိုကိုပင်။ ပြုံးနေသည်က အားလုံး၏အကြည့်ကို မလွှဲချင်စရာ။ ထိုလူကို သူမဘာကြောင့်ထားခဲ့မိသလဲ။

အခုမှ လွတ်တဲ့ငါး ပိုကြီးနေမိသည်။ ဒါပေမယ့် သူမ မစိုးရိမ်ပါ။ ကိုကိုက သူမပိုင်ဆိုင်ရမယ့် သူပဲ။ အကုန်လုံး နှုတ်ဆက်ပြီး အသီးသီးပြန်သွားကြချိန် အခန်းထဲ ရှောင်ပါးတို့ပဲ ကျန်နေခဲ့တော့သည်။

*သားက ပြန်တော့မလို့လား*

*ပြန်တော့မယ် ပါးပါး။ အိမ်မှာရိပေါ်တစ်ယောက်ထဲ ထားခဲ့ရတာ*

*အေးပါ..ဒါဆို ပါးပါး ခနနေမှ ပြန်လာခဲ့တော့မယ်*

ချန်ယင်း ကိုကြီးနဲ့ အတူနေခဲ့ကာ အပြန်ကျ ကိုကြီးကားနှင့်ပင် လိုက်လာခဲ့သည်။

UnchangedWhere stories live. Discover now