°14°

9.8K 921 22
                                    

ဆေးခန်းကို ရောက်လာသည့် ကောင်ကြောင့် ရှောင်းကျန့်က စုပ်သပ်မိသည်။ ဆရာဝန်တစ်ယောက် ဖြစ်နေပါစေအုံး လူနာတစ်ယောက်ကို အမြင်မကြည်ခွင့်တော့ ရှိတယ်မလား။ ထိုဉပဒေက ပြဌာန်းထားသလား၊မထားသလား ရှောင်းကျန့် ဂရုမစိုက်ဘူး။

ဝမ်ရိပေါ်နဲ့ ပတ်သတ်ဖူးတဲ့ထိုကောင့်ကိုတော့ ရှောင်းကျန့် တော်တော်အမြင်မကြည်ပါ။ လူနာကုတင်ပေါ်ကနေ မထီတထီကြည့်နေသည့် စောက်ခွက်က လက်သီးစာကို တောင်းနေသည့်အလား။

ဝမ်ရိပေါ်တို့ အိမ်ပေါက်ဝမှာ ပြဿနာတက်ခဲ့ဖူးသည့်ကောင်။ ဝမ်ရိပေါ်ကို ဆွဲလားရမ်းလား လုပ်ခဲ့သည့်ကောင်။

*နက်စ်တစ်ယောက်ခေါ်ပေးမယ် သူနဲ့ဆေးထည့်လိုက်ပါ*

ရှောင်းကျန့် စကားကို မယုတ်မလွန်ပြောခဲ့တာ ခေါင်းကွဲဒဏ်ရာဖြင့် ရောက်လာသည့်ကောင်ကို ဝါရင့်နေသည့် နက်စ်တစ်ယောက်နဲ့ ထိုးအပ်ခဲ့လိုက်သည်။

ရှောင်းကျန့် အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲရမည်ဆိုတာ သိပေမယ့် ထိုကောင့်ကိုတော့ လုံးဝကြည့်မရ။ ဝမ်ရိပေါ်အပေါ်ကို အမှားလုပ်ဖူးသည့် သူတိုင်းကို ရှောင်းကျန့်က အမြင်မကြည်ခြင်းဖြစ်သည်။

*ဒေါက်..ဒေါက်တာ*

အခန်းပြင်တောင် မထွက်ရသေး နက်စ်၏ အော်သံကြောင့် ရှောင်းကျန့် လည်ပြန်ကြည့်လိုက်သည်။ ခေါင်းက သွေးတွေ အရမ်းစိမ့်ထွက်နေ၍ စိုးရိမ်နေသည့်ပုံ။

ရှောင်းကျန့် စိတ်ဒုန်းဒုန်းချကာ လူနာ၏အနာကို သေချာရှင်းလင်းပေးလိုက်ကာ ဘေးက နက်စ်ကို အကူသဘောသာ ထားလိုက်သည်။

ခေါင်းက အရိုက်ခံထားရမှန်း သိသာစွာ ဟက်ပက်ကြီး။ ရှောင်းကျန့် ဆေးထည့်ပေးနေတာကို မျက်နှာတစ်ချက်တောက် မပျက်သည့်ကောင်။

*ဦးလေးကြီး ကျွန်တော်ရောက်ပြီ*

အခန်းဝကို လာအော်သည့် ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်က သူ့ကိုယ်လုံးဖြင့်ကုတင်ပေါ်က ကောင်၏ မျက်နှာကို ကွယ်ထားလေသည်။

ဒါတောင် ဟိုကောင်က ခေါင်းကိုငြိမ်ငြိမ်မနေပဲ ဝမ်ရိပေါ်ကို လိုက်ကြည့်နေတုန်း။ ရှောင်းကျန့် စိတ်ကို မနည်း ထိန်းထားရသည်။ ဒီကောင့်ကို တစ်ခုခု လုပ်မိမည်စိုး၍။

UnchangedWhere stories live. Discover now