°30°

10.2K 882 16
                                    

*သားက နည်းနည်းတော့ ဆိုးတယ်မလား*

*အဲ့လောက်တော့ မဆိုးပါဘူး ပါးပါးရဲ့။ အစပိုင်းကတော့ နည်းနည်းဂျစ်ပေမယ့် အခုကျ အရမ်းဂရုစိုက်တယ်*

ရှောင်ပါး၏ ခြေသလုံးတွေက နှိပ်ပေးရင်း ရိပေါ် ပြုံးပြုံးလေး ပြန်ဖြေလိုက်သည်။ ကိုကိုက ပါးပါးကို ဆေးတိုက်ဖို့ အောက်မှာ သေချာပြင်ဆင်နေလေသည်။

*ရပြီ ရပြီ။ သားလက်က နုနုလေးတွေကွာ။ တော်ကြာ နာနေပါ့မယ်*

*ရပါတယ် ပါးပါးရဲ့..အရင်ကလဲ သားပါးပါးကို နှိပ်ပေးနေကြလေ*

စကားဝိုင်းထဲ ဝမ်ပါးပါလာတော့ ရိပေါ်မျက်နှာလေးက ပျက်သွားလေသည်။ ဒါကို သတိထားမိသည့် ရှောင်ပါးက ရိပေါ်၏ ခေါင်းလေးကို ဖွဖွလေးပွတ်ပေးလိုက်သည်။

*ဦးကို သားပါးပါးလိုပဲ သဘောထားပါ။ ဒါနဲ့ ဒီရောက်ပြီးမှ အပြင်လဲ ထွက်မလည်ဖြစ်ဘူးမလား။ မနက်ဖြန် သားနဲ့ အပြင်သွားလည်လေ*

*သားက မထွက်ချင်တာပါ ပါးပါးရဲ့။ ကိုကိုက လိုက်ပို့မယ်လို့ ပြောပါတယ်*

ရှောင်ပါးက ရယ်ကာ ရိပေါ်ကို ကြည့်နေလေသည်။ တစ်ကယ်ကို ယဉ်ကျေးလွန်းသည့် ကလေးပင်။ အကြီးကိုလဲ အကြီးမှန်း သိတတ်ကာ အခုဆို သူတို့တစ်အိမ်လုံးက ရိပေါ်ကို ချစ်နေကြလေပြီ။

အနေအထိုင်ကလဲ ပိရိသေသပ်လွန်းသည်။ လူကြီးတွေရှေ့တွင် ဘယ်တော့မှ သားနဲ့ဖက်လှယ်တကင်းမနေ။

*ဆေးရပြီလား သား သွားကြည့်ပေးမယ်နော်။ ကိုကိုက ကြာလိုက်တာ*

*အေးအေး*

ကိုကိုက အရမ်းကြာနေ၍ ရိပေါ် လိုက်သွားကာ မီးဖိုခန်းထဲ ဖြတ်ခနဲဝင်လာလိုက်သည်။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ရိပေါ် နှလုံးသွေးတွေ ပြောင်းပြန်လှန်သွားသလို။

ကိုကို့ခါးကို ဖက်ထားသည့် ချန်ယင်း။ ကိုကိုက ရိပေါ်ကို ကျောပေးထား၍ မမြင်ရ။ ရိပေါ် ဒေါသက ထောင်းခနဲ ထွက်သွားသည်။ ငြင်းလိုက်ပါ ကိုကို။ သို့ပေမယ့် ရိပေါ် ဆုတောင်းမပြည့်ခဲ့ပေ။

ကိုကိုက ထိုမိန်းမ၏ ခါးဖက်လျက်နှင့်ပင် ရိပေါ်ဘက်ကို လှည့်လာလေသည်။ ရိပေါ်ကို မြင်မှ မျက်ဝန်းတွေက ဖြတ်ခနဲ အံ့ဩသွားသလို ဖြစ်သွားကာ သူမ၏ လက်တွေကို ဖြုတ်ချလေသည်။

UnchangedWhere stories live. Discover now