°15°

10.8K 944 19
                                    

ရှောင်းကျန့် ဝမ်ရိပေါ်၏ အခန်းဆီသို့ သူ့အခန်းခေါင်းမိုးမှတစ်ဆင့် ခိုးကြောင်ခိုးဝှက်ဖြင့် တက်ခဲ့လေသည်။ ရှောင်းကျန့်၏ အခန်းက အဖီဆွဲချထားသည့် ပုံစံမို့ ရှောင်းကျန့်၏ ခေါင်းမိုးကနေတစ်ဆင့် ဝမ်ရိပေါ်၏ အခန်းဝသို့ တန်းနေအောင် သွားလို့ရသည်။

ပြတင်းပေါက်ကို လက်နဲ့အသာတွန်းကြည့်လိုက်တော့ ပွင့်သွားလေသည်။ တစ်ခါမှ ကလေးကလားဆန်ဆန် မလုပ်ဖူးပေမယ့် ဝမ်ရိပေါ်အတွတ် လုပ်နေရလေပြီ။

ပြတင်းပေါက်ကနေတစ်ဆင့် ဝမ်ရိပေါ်၏ အခန်းထဲ တိတ်တဆိတ် ခုန်ချလိုက်သည်။ ဝမ်ပါးက အောက်ထပ်မှာ အိပ်၍ ရှောင်းကျန့် အပေါ်ထပ် ရောက်နေသည်ကိုတော့ သိမည်မဟုတ်။

*Baby..*

တစ်ခါမှ မသုံးနှုန်းဖူးသည့် အသုံးအနှုန်းကို တိုးတိုးတိတ်တိတ်ခေါ်ကာ စောင်ပုံထဲ ကွေးကွေးလေး အိပ်နေသည့် ဝမ်ရိပေါ်၏ အနောက်ကနေ လှဲပြီးဝင်အိပ်လိုက်သည်။

လက်တွေကလဲ ရိပေါ်၏ ခါးတွေကို ရစ်သိုင်းထားလိုက်သည်။ အအိပ်ဆက်ပုံမရသည့် ရိပေါ်က ရှောင်းကျန့် ဖက်ထားသည်ကိုတောင် သိပုံမပေါ်။

မှောင်မှောင်မဲမဲ အခန်းထဲ ရှောင်းကျန့်ကသာ လှုပ်လှုပ်ရွရွဖြစ်နေလေသည်။ရှောင်းကျန့် ခါးကိုကုန်းကာ ရိပေါ်၏ နားရွက်ဖျားနားကပ်ပြီး တိုးဖွဖွလေး ခေါ်လိုက်သည်။

*ဟင်..ဦးလေးကြီး..ဘာလုပ် အွင့်*

အလန့်တကြား ထအော်သည့် ကောင်လေးကြောင့် ရှောင်းကျန့် အလျင်အမြန်ပင် ရိပေါ်၏ ပါးစပ်ကို လက်နဲ့ဖိအုပ်ကာ မွေ့ယာပေါ် ပြန်တွန်းချလိုက်သည်။

အခန်းထဲသို့ အနည်းငယ်ဖြာကျနေသည့် လရောင်၏ အလင်းဖျော့ဖျော့ကြောင့် ဝမ်ရိပေါ်၏ မျက်နှာအစိတ်အပိုင်းအားလုံးကို အသည်းယားစွာ မြင်နေရလေသည်။

ထိတ်လန့်နေသည့် မျက်လုံးဝိုင်းလေး။ တိုစိပ်စိပ် မျက်တောင်ကော့လေး။ သူ့လက်နဲ့ ထိတွေ့နေသည့် နှုတ်ခမ်းအိအိထွေးထွေးလေး။ ရှောင်းကျန့် မျက်ဝန်းတွေက ရိပေါ်၏ တစ်ကိုယ်လုံးကို စုန်ဆန်ခတ်လျက် ကြည့်ပစ်လိုက်သည်။

UnchangedWhere stories live. Discover now