°25°

9.8K 958 58
                                    

ရှောင်းကျန့် ဘာလို့ငိုခဲ့လဲဆိုတာ ရိပေါ်က ယောင်လို့ပင် မမေးခဲ့။ ရိပေါ် မေးလာလျှင်လဲ ရှောင်းကျန့်ပြောပြဖို့ အဆင်သင့်။ ဒါပေမယ့် ရိပေါ်ဟာ ထိုကိစ္စနဲ့ပတ်သတ်ပြီး သုံးရက်သာ ကြာသွားသည် ဘာမှမမေးလာခဲ့ပေ။

ရှောင်းကျန့် တွေးနေသည်ကို ရပ်ကာ မျက်နှာသစ်ဖို့ ရေးချိုးခန်းထဲဝင်လိုက်သည်။ တစ်ခါထဲ ရေချိုးလိုက်ရင်း ခေါင်းပါလျှော်ပစ်လိုက်သည်။ စိတ်ညစ်စရာတွေ ထပ်လဲမတွေးဖြစ်သလို သုံးရက်လောက်နေတော့ ရှောင်းကျန့်စိတ်တွေ ပြန်လန်းဆန်းလာခဲ့သည်။

ငိုမိသည်ဆိုတာကလဲ ချန်ချန့်အပေါ် သူက မတရားခဲ့ဘူးထင်လို့။ ပြဿ‌နာတွေဆီက ရှောင်ပြေးခဲ့သည်ဟု ထင်လို့။ သူချစ်ခဲ့သော မိန်းကလေးတစ်ယောက်အတွတ် နောက်ဆုံးအနေနဲ့ မျက်ရည်ကျခဲ့ခြင်းဖြစ်သည်။

ဒီလောက်ပါပဲပေါ့။ ချန်ချန့်ဆီလဲ ပြန်သွားဖို့ စိတ်ကူးမရှိတော့။ ပါးပါး အပြစ်ပါဆိုပြီးလဲ ပါးပါးကို ထပ်မထားသွားချင်။ ပြဿနာတွေလဲ မရှင်းချင်တော့။ ဒီတိုင်း ဝမ်ရိပေါ်နဲ့သာ နှစ်ယောက်ထဲ အေးအေးဆေးဆေးလေး နေချင်တော့သည်။

*ကိုကိုတောင် နိုးပြီလား*

အခန်းထဲဝင်လာသည့် ရိပေါ်က တက်ကြွကာ ပြုံးပြုံးရွှင်ရွှင်။ ဆင်စွယ်ရောင် တီရှပ်အပွကြီးနဲ့ ဘောင်းဘီဒူးကျလေးကို တွဲဝတ်ထားသည့် ‌ေကာင်လေးက ပေါ့ပေါ့ပါးပါး။ ပါးဖောင်းဖောင်းလေးတွေက အရင်ကထက် ဖောင်းပြည့်ကာ သွေးကြောမျှင်လေးတွေတောင် မြင်နေရသည်။

*စောနကမှ နိုးတာပါ။ ကိုယ် ရေပါတစ်ခါထဲချိုးလိုက်တာ*

ရိပေါ်က ဘာမှမပြောပဲ တဘက်ယူကာ ရှောင်းကျန့်ခေါင်းကို သုတ်ပေးလိုက်သည်။ ရှောင်းကျန့်အကျင့်ကို သိနေ၍ ထိုလိုလုပ်ပေးခြင်းပင်။ ရှောင်းကျန့်က ခေါင်းလျှော်ထားရင် ဘယ်တော့မှခေါင်းကိုပြောင်အောင်မသုတ်။

ဒီအတိုင်း ခေါင်းပေါ်ကို တဘက်တင်ထားလိုက်ခြင်းသာ ဖြစ်လေသည်။

*အဝတ်အစားကော ထုတ်ထားပြီလား*

တဘက်တစ်ထည်ထဲ ပတ်ထားကာ ရိပေါ်ကို ကြည့်နေသည့်ကိုကိုက ခေါင်းကို အသာယမ်းပြလာလေသည်။ ရိပေါ်ပဲ အဝတ်အစား ထုတ်ပေးလိုက်ရပြန်သည်။

UnchangedWhere stories live. Discover now