Chapter(44):မနာလိုဖြစ်ခြင်း မနာလိုဖြစ်ခြင်း

Start from the beginning
                                    

လျိုထုံက သူ့ထက်ပိုကောင်းတဲ့ဘဝမှာ နေနေရတယ်ဆိုတာကို တွေးကြည့်ရုံနဲ့ အဲ့ဒါကကျန်းယွဲ့ကို ပိုပြီးရူးသွပ်သွားစေတယ်။ သူ့လက်သည်းတွေနဲ့ သူ့လက်ဖဝါးထဲကို
ထိုးဆိတ်မိလုနီးပါးဘဲ။

အတွေးထဲမှာ နစ်မြှုပ်နေတာကြောင့် ကျန်းယွဲ့က သူ့သားတွေကို လုံးဝသတိမပြုမိဘူး။ ကလေးတွေငိုနေကြတာကိုမြင်တော့ ကျန်းယွဲ့ဖေဖေက ကျန်းယွဲ့ကို စိတ်မကျေမနပ်အရမ်းဖြစ်သွားပြီးတော့ အငယ်တစ်ယောက်ကို ကောက်မလိုက်ပြီး နှစ်သိမ့်ပေးလိုက်တယ်။ "မင်းဘာလုပ်နေတာလဲ? ကလေးတွေငိုနေကြတာကို မင်းမကြားရဘူးလား?!"

ကျန်းယွဲ့က ကလေးတွေငိုနေကြတာကို မြင်တော့ ပိုပြီးတော့တောင် စိတ်ရှုပ်သွားတယ်။ "မင်းတို့ဘာအတွက် ငိုနေကြတာလဲ? စွန်လေးနှစ်ခုပဲမဟုတ်လား? အိမ်ပြန်ပြီး မင်းတို့အဖေကိုဝယ်ခိုင်းလိုက်။"

"သူတို့တွေက ကလေးတွေပဲရှိသေးတယ်။ မင်းဘာလို့သူတို့အပေါ်မှာ ဒေါသထွက်နေရတာလဲ? ပြီးတော့ ဘာစွန်လဲ?" ကျန်းယွဲ့ဖေဖေက သူ့ရဲ့အချစ်ဆုံးမြေးတွေ
အော်ခံနေရတာကိုမြင်ရတာ မပျော်ရွှင်တော့ဘူး။

ရှုဟွေ့က သူ့မျက်ရည်တွေကို သုတ်ပစ်လိုက်ပြီးတော့ သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့ ရှုရန်မိသားစုကို ညွှန်ပြလိုက်တယ်။  "အဲ့ဒီအရူးသေးသေးလေးတွေမှာ စွန်ရှိတယ်။ သားလည်းတစ်ခုလိုချင်တယ်။"

ကျန်းယွဲ့ဖေဖေက ရှုမိသားစုနဲ့သိပ်မရင်းနှီးပါဘူး။ အဲ့ဒါကြောင့် သူမေးလိုက်တယ်။ "အရူးသေးသေးလေးတွေက ဘယ်သူလဲ?"

ကျန်းယွဲ့ကအင်တင်တင်နဲ့ ရှင်းပြလိုက်တယ်။ "အဲ့ဒါက ရှုရန်ရဲ့သားတွေ။ သူတို့တွေက အခုဟိုဘက်လမ်းမှာ စွန်တွေနဲ့ရပ်နေကြတယ်။ ရှုဟွေ့နဲ့ရှုကျီရန်တို့ကလည်း
စွန်တွေလိုချင်နေတာ။"

ကျန်းယွဲ့ဖေဖေက ရှုရန်နဲ့မရင်းနှီးတာကြောင့် သူ့ကိုသတိမပြုမိပါဘူး။

"မင်းပြောတော့ သူတို့တွေ မိသားစုခွဲထုတ်တုန်းက ဘာတစ်ခုမှ မရခဲ့ဘူးဆို? စွန်တွေအတွက် သူဘယ်နားကနေ ငွေရလာတာလဲ? သူကတကယ်ကို  သူ့မိသားစုအတွက် သိုးနက်*တစ်ကောင်ဘဲ။ မင်းသူ့ကို လက်မထပ်လိုက်တာ အရမ်းကံကောင်းတယ်။" ကျန်းယွဲ့ဖေဖေက ဒေါသထွက်ထွက်နဲ့ ပြောလိုက်တယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now