သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၄)

Start from the beginning
                                    

ဝမ်တောင် ကတိုက်ကွမ်ဒိုကို လေ့ကျင့်ခဲ့ပြီး ကောင်လေးက သူ့ခြေထောက်ကို တစ်ချက်လှုပ်ကာ အဝေးကို ကန်ထုတ်လိုက်သည်။

သို့သော် ခဏအကြာတွင် သူ့ညာခြေထောက်ကို တခြားကောင်လေးက ဖမ်းချုပ်ထားခဲ့သည်။ သူ့အား တခြားလုပ်ခွင့် မပေးတော့ပဲ ခရမ်းရောင်ဆံပင်နဲ့ ကောင်မလေးက ရှေ့ထွက်လာကာ သူ့အား ခုံနဲ့ရိုက်ချလိုက်သည်။

“ဘမ်း!” ကျယ်လောင်သည့် အသံကြီးက ထွက်လာခဲ့သည်။

ဝမ်တောင် ရဲ့ရပ်တည်မှုက မတည်ငြိမ်တော့ပဲ အနောက်ကို ရိုက်မိပြီးနောက်တွင် ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့သည်။ သူ့အား ခုံနဲ့ရိုက်လိုက်ချိန်တွင် သူ့အရိုးကျိုးသံကိုတောင် ကြားလိုက်ရသည်။

“အား!” သူက မချိမဆန့်ဖြင့် အော်လိုက်သည်။

တခြားလူတွေက ထိုအခြေအနေအား ဝိုင်းကာ ကြည့်နေခဲ့ကြသည်။ ချက်ချင်းပင် သူတို့က ရှေ့ထွက်လာကြပြီး တွန့်ဆုတ်ခြင်းမရှိပဲ တိုးလာကြကာ ဝမ်တောင် ရဲ့ခြေတွေ၊ လက်တွေအား မလှုပ်နိုင်အောင် ကန်လိုက်ကြသည်။

ဝမ်တောင် ကအရမ်းနာနေပြီး ချွေးစေးတွေနဲ့ ရွှဲနေခဲ့သည်။ သူက နည်းနည်းလေးသာ လှုပ်ရှားနိုင်ပြီး ပြန်တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ! သူ့ညာလက်က သူ့ဗိုက်တွင်ကပ်ထားရင်း ကြမ်းပြင်တွင် ကွေးနေခဲ့သည်။

“မြန်မြန်! ပုလင်းကို ဒီယူလာခဲ့!” လူအုပ်ထဲမှ ကောင်လေး တစ်ယောက်က အော်လိုက်သည်။ ဝမ်တောင် ကသူခံစားနေရသည့် နာကျင်မှုတွေကြားမှ လွတ်မြောက်ဖို့ ကြိုးစားလိုက်ပေမဲ့ သူ့ခန္ဓာကိုယ် တစ်ခုလုံးက လဲပြိုနေခဲ့သည်။ သူ့တွင် ဘာအားမှ မထုတ်နိုင်ပဲ သူ့ခြေတွေ၊ လက်တွေအား လူငါးယောက်၊ ခြောက်ယောက်လောက်က ချုပ်ထားကြသည်။ သူလှုပ်ချင်ရင်တောင် မလုပ်နိုင်ပေ!

“ငါ့ကိုလွှတ်စမ်း!” ဝမ်တောင် ကသူ့ခေါင်းနဲ့ အနီးဆုံးလူအား တိုက်ခိုက်လိုက်သည်။ အဲ့ကောင်လေးက ဒေါသထွက်သွားပြီး ခုံအားဆွဲလိုက်ကာ ဝမ်တောင် ရဲ့ခေါင်းကို ရိုက်ချလိုက်သည်။

“Thump!” ဝမ်တောင် ရဲ့လည်ချောင်းမှ သွေးတွေက ဖြာထွက်လာပြီး သူ့အား ညစ်ညူးသလို ခံစားရစေသည်။ သူ့ခေါင်းတွင်လည်း ပြင်းထန်သည့် ဒဏ်ရာက ရှိနေပြီး သွေးလွှတ်ကြောကို ထိမိသွားသလိုမျိုး သွေးတွေက စီးကျနေသည်။ ဝမ်တောင် ကသေဆုံးနေသည့် အရုပ်လိုမျိုး ခုခံဖို့အင်အားတောင် လုံးဝကိုပျောက်ဆုံးသွားခဲ့သည်။ သူ့ခြေလက်တွေက တဖြည်းဖြည်း တွန့်လိမ်လာပြီး သူ့မျက်လုံးတွေက ဘယ်ညာသာ လှည့်နိုင်တော့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now