သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၂)

Start from the beginning
                                    

ဂွမ်ရှုဟန် ကတံတွေးအား မြိုချလိုက်ပြီး သူမခြေထောက်တွေက အနည်းငယ် ပျော့ခွေနေခဲ့သည်။ သူမမျက်လုံးထဲတွင် သူမဘေးဘက်ရှိ အရာအားလုံးက ငလျင်လှုပ်လိုက်သလိုမျိုး ပြောင်းလဲသွားခဲ့သည်။

အစက ကြည်လင်နေသည့် ရာသီဥတုက ရုတ်တရက် မဲမှောင်သွားပြီး ပရုတ်ပင်တွေက မီးလောင်ကျွမ်းခံရသလိုမျိုး မဲသွားခဲ့သည်။ တောက်ပသည့် နေရောင်ခြည်တောင် အခုတော့ နီရဲသွားခဲ့သည်။

ရှောင်ချန်း ရဲ့မျက်နှာက ပါစတာလိုမျိုး ဖြစ်သွားပြီး သူ့တစ်ကိုယ်လုံးက မပြတ်မသား ဖြစ်လာခဲ့သည်။ အဖြူရောင် အရိုးက အသားတွေကို တစ်စစီ ပိုင်းချလိုက်သလိုမျိုး ပေါက်ကွဲထွက်သွားရင်း အရေခွံသာ အသက်ရှင်နေသလိုမျိုး ဖြစ်သွားခဲ့သည်။

“အားးး!” ဂွမ်ရှုဟန် ကထိတ်လန့်မှုမှ ရူးနှမ်းသွားကာ ကြမ်းပြင်ပေါ်သို့ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။ သူမက ပြင်းထန်စွာဖြင့် လှည့်လိုက်ပြီး လျှပ်စီးလိုမျိုး ပြေးထွက်သွားကာ ရှောင်ချန်း အားထားရစ်ခဲ့သည်။ ရှောင်ချန်း ကထိုနေရာတွင် ရပ်နေရင်း စွံ့အ,စွာဖြင့် သူမအား ကြည့်နေခဲ့သည်။

ဂွမ်ရှုဟန် ကသတိလက်လွတ် တုန်နေရင်း အချိန်အတိုင်းအတာ တစ်ခုလောက်အထိ ပြေးနေခဲ့သည်။ မောပန်းမှုကြောင့် လဲကျသွားချိန်တွင် သူမခေါင်းထက်တွင် အနက်ရောင်အရိပ်လို အရာမျိုးက ဝိုင်းနေတာကို ခံစားလိုက်ရသည်။ မကြာခင် အနက်ရောင်မြူတွေက သူမခန္ဓာကိုယ်မှ စတင်ပြီး ထွက်လာခဲ့ပြီး အငြိုးအတေးတွေကို သယ်ဆောင်ထားခဲ့သည်။

“အသက်ရှည်ရှည် နေချင်တာလား?” အမျိုးသား တစ်ယောက်ရဲ့ အသံက သူမနားနားတွင် တီးတိုးပြောလိုက်တာကြောင့် ဒီပိုင်ရှင်ရဲ့ လည်ချောင်းက ထိခိုက်မိထားသလို အက်ရှနေပုံပေါ်နေသည်။

“အားးး!” ဂွမ်ရှုဟန် ကအလျင်အမြန် နောက်ဆုတ်လိုက်ပြီး သူမမျက်လုံးထဲတွင် ထိတ်လန့်နေခဲ့သည်။

“မင်း အိမ်မပြန်ချင်ဘူးလား? မင်းက ဒီကမ္ဘာက လူမဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? ခ်ခ်” ဒီအသံက အတော်လေးကို ကျောချမ်းစရာကောင်းပြီး တိုးလျနေကာ ဂရုမစိုက်ပဲ အေးစက်နေကာ ပဲ့တင်ထပ်နေသည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now