သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၁)

Start from the beginning
                                    

ဝမ်တောင် ရဲ့စိတ်က လှုပ်ရှားသွားခဲ့သည်။ သူက ချက်ချင်းပင် သူ့အနားမှ ကောင်မလေးကို ဆွဲလိုက်ပြီး ကျုံပင် ရဲ့ခန္ဓာကိုယ်ဆီ တွန်းထုတ်လိုက်သည်။

ကျုံပင် ကရပ်သွားပြီး ကောင်မလေးကို ဖမ်းလိုက်သည်။ သူမက တရှုံ့ရှုံ့လုပ်လိုက်ပြီး သွေးတွေကို စုတ်လိုက်ပေမဲ့ အခုတော့ သူမအရှိန်က သိသိသာသာကို နှေးနေသည်။ သူမ မပြီးခင်မှာပဲ သူမကဗိုက်က ကြောက်စရာ ကောင်းလောက်အောင် ပူဖောင်းလာခဲ့သည်။

ပတ်ဝန်းကျင်က ကြောက်စရာ ကောင်းလောက်အောင် တိတ်ဆိတ်သွားခဲ့သည်။

“ဘောင်း” ကျယ်လောင်သည့် ဆူညံသံကြီးဖြင့် အရည်တချို့က လူတွေရဲ့ မျက်နှာတွေနဲ့ ခန္ဓာကိုယ်တွေဆီ စင်သွားခဲ့သည်။

ဝမ်တောင် ကအနီးဆုံး ဖြစ်တာကြောင့် လတ်ဆတ်သည့် သွေးတွေက သူ့မျက်လုံးထဲတောင် ဝင်သွားခဲ့သည်။

“အားးးးး!!!”

ကျုံပင် ကဘောလုံးကို အပ်နဲ့ဖောက်လိုက်သလို ပေါက်ကွဲသွားခဲ့သည်။

-

ရှောင်ချန်း ကရုတ်ချင်း ထ,ထိုင်လိုက်ပြီး သူ့ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ သူဘယ်လောက်ကြာအောင် အိပ်ပျော်သွားမှန်း မသိပေ!

လှည့်ပတ်ကြည့်လိုက်ရင်း သူ့လက်တွေက တုန်သွားခဲ့သည်။ ဒါက သူ့ကိုယ်ပိုင် အခန်းပဲ!

သူ ပြန်ရောက်ခဲ့တာလား?

ရှုရှန်း ကော? အဲ့လူတွေကော?

ရှောင်ချန်း ကသူ့အပေါ်တွင် ရှိနေသည့် စောင်အား ဖယ်ချလိုက်ပြီး သူ့ဖိနပ်အား စီးဖို့လုပ်လိုက်သည်။

ရုတ်တရက် အစိမ်းရောင် နွယ်ရှင်နှစ်ခုက ရာဘာကြိုးလိုမျိုး သူ့အိပ်ရာအောက်မှ ထွက်လာခဲ့သည်။ တစ်ခုက ရှောင်ချန်း ရဲ့ညာဘက် ဖိနပ်တွင် ချည်နှောင်ထားပြီး တစ်ခုကတော့ သူ့ခြေထောက်တွင် မှန်ကန်သည့် အနေအထားဖြင့် ဝတ်ပေးလိုက်သည်။ ဒီပူးပေါင်းမှုဖြင့် ဖိနပ်တွေက ရှောင်ချန်း ရဲ့ခြေထောက်တွင် အလွယ်တကူ နေရာကျသွားခဲ့သည်။

ဖိနပ်တွေ ဝတ်ပြီးသည်အထိ ရှောင်ချန်း ကစွံ့အ,နေခဲ့သည်။

နွယ်ရှင်တွေက ဒီအရာနဲ့ ကျေနပ်ခြင်း မရှိသေးပေ။ တစ်နေရာမှ ပုဝါအား ယူထုတ်လိုက်ပြီး ရှောင်ချန်း ရဲ့မျက်နှာအား အသေအချာ သုတ်ပေးလိုက်သည်။ အပြုအမူတွေက ညင်သာနေပေမဲ့ ရှောင်ချန်း ကနည်းနည်း ယားယံသလို ခံစားနေရပြီး သူ့နားတွေက လောင်ကျွမ်းလာခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now