သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၁၀)

Start from the beginning
                                    

ရှောင်ချန်း ကအနက်ရောင် အရိပ်ဆီကို လှည့်ကြည့်လိုက်သည်။ ပတ်လည်မှ အလင်းရောင်က လင်းနေတာကြောင့် တစ်ဖက်လူရဲ့ အသွင်အပြင်ကို ရှင်းလင်းစွာ မြင်နေရသည်။

အရိပ်ရဲ့ မျက်နှာအသွင်အပြင်က သဘာဝကျစွာဖြင့် ရှုထောင့်သုံးမျိုး ဖြစ်နေပေမဲ့ သူ့ရှေ့တွင် မြူအလွှာပါးက ရှိနေကာ ဘာကိုမှအသေးစိတ် မှတ်မိဖို့ကို ခွင့်မပြုကြောင်း ရှောင်ချန်း ခံစားမိသည်။

“မင်း” သူက တိုက်ရိုက်ပင် အရိပ်ရဲ့မျက်နှာကို ထိတွေ့လိုက်ပြီး လေးနက်စွာဖြင့် လေ့လာနေခဲ့သည်။ သူတစ်ခုခုကို ထိမိမှန်း ခံစားနိုင်ပေမဲ့ ဘာအပူချိန်မှ ရှိမနေပေ။

အနက်ရောင်အရိပ်က ဘာမှမပြောပဲ ရှောင်ချန်း ရဲ့လက်က သူ့မျက်နှာတွင် အပေါ်အောက် လှုပ်ရှားနေဖို့ ခွင့်ပြုနေခဲ့သည်။

“မင်းက ရှုရှန်း၊ ဟုတ်တယ်မလား?” ရှောင်ချန်း ရဲ့အသံက ပုံမှန်ဖြစ်နေပေမဲ့ အသေးစိတ် အာရုံစိုက်ကြည့်ရင် ဖော်ပြဖို့ခက်ခဲ့သည့် တင်းအားမျိုးက ရှိနေသည်။

ရှောင်ချန်း ရဲ့မျက်လုံးအား ကာထားသည့် မြူငွေ့တွေက ပျောက်ပျက်သွားပြီး အရိပ်ရဲ့မူလ အသွင်အပြင်က လေထုတွင် ပေါက်ကွဲသွားခဲ့သည်။

“အင်း”

တစ်ဖက်လူက တည့်တိုးကြီး ဖြေလာမယ်လို့ ရှောင်ချန်း မထင်ထားခဲ့ပေ။ သူက ထိုနေရာတွင်သာ ဗလာဖြစ်စွာ တည်ရှိနေပြီး သူ့လက်တွေက ဘေးဘက်ရှိ အရိပ်မျက်နှာမှ ချော်ကျသွားခဲ့သည်။

ဘာအသံမှ မထွက်ပဲ နှစ်ယောက်သားက အရူးလိုမျိုး စကားတစ်လုံးမှ မပြောကြပဲ ရပ်နေခဲ့ကြသည်။

ရှောင်ချန်း ကဘာပြောရမှန်း မသိပဲ၊ ရှုရှန်း ကတော့ တစ်ဖက်လူက ဘာပြောမလဲဆိုတာကို စောင့်နေခဲ့သည်။

“ငါတောင်းပန်ပါတယ်” ရှောင်ချန်း ကတောင့်တင်းစွာဖြင့် ပါးစပ်ကို ဖွင့်လိုက်ပြီး ခေါင်းငုံ့လိုက်သည်။ သူ့လက်ချောင်းတွေက ရှုရှန်း ရဲ့ပုခုံးအား တင်းကြပ်စွာ ဆုတ်ထားခဲ့သည်။

ဒါက သူ့ကြောင့်သာ မဟုတ်ရင် ရှုရှန်း ကသေဆုံးမှာ မဟုတ်ပေ။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now