Chapter(33):ျပႆနာ ပြဿနာ

Start from the beginning
                                    

"ကောင်းပါပြီ။ ရန် ဂရုစိုက်။" သူရှုရန်ကို စိုးရိမ်နေပေမဲ့လည်း သူပုံမှန်ပြန်ဖြစ်သွားပြီးကတည်းက သူ့မိသားစုထဲက ဖြစ်ပျက်သမျှအရာအားလုံးကို ရှုရန်ကိုင်တွယ်သင့်တယ် ဆိုတာကိုလည်း လျိုထုံသိတယ်။ မဟုတ်ရင် သူတို့ပြဿနာတက်လိမ့်မယ်။ အဲ့ဒါကြောင့် လျိုထုံက ရှုရန်ပြောသလိုပဲ လုပ်လိုက်တယ်။

အခန်းထဲက ထွက်ပြီးတဲ့အချိန်မှာ ရှုရန်က လူအများကြီး အိမ်ရှေ့မှာ ရပ်နေကြတာကို မြင်လိုက်ရတယ်။ အဲ့ဒါက အရမ်းစည်ကားနေတာပဲ။

သူအပြင်ကို လမ်းလျှောက်ထွက်လာပြီးတော့ ခြံဝင်းတံခါးကို ဖွင့်လိုက်တယ်။ ထို့နောက် အပြင်ဘက်မှာရှိတဲ့ သက်ကြီးဖေဖေရှုနှင့်ရှုချိန်ကို ကြည့်လိုက်တယ်။ သူမေးလိုက်တယ်။ "ဖေဖေ ကျွန်တော်ဘာကူညီရမလဲ? ဒီလောက်အစောကြီး ကျွန်တော့်နေရာကို ဘာလို့ရောက်လာတာလဲ?"

ရှုရန်ကိုသူမြင်တာနှင့်ချက်ချင်း သက်ကြီးဖေဖေရှုက ဒေါသထွက်သွားတယ်။ သူသူ့နှာခေါင်းကို လက်ညိုးထိုးပြီးတော့ ပြောလိုက်တယ်။ "မင်းကဒီလိုမျိုး ကျေးဇူးမသိတတ်တဲ့လူပဲ။ မင်းဘာသာမင်း ခွဲနေတာ ဒီလောက်ကြာနေပြီ။ ဒါတောင်မင်းက ငါနှင့်မင်းအဖေကိုတွေ့ဖို့ အိမ်တောင်ရောက်မလာဘူး။ ငါတို့တွေက လယ်အလုပ်တွေနဲ့ အရမ်းအလုပ်များနေတာ။ ဒါပေမဲ့ မင်းကငါတို့ကို ကူညီဖို့တောင် ပြန်မလာဘူး။ ငါဘာလို့ဒီကိုရောက်နေလဲဆိုတာကို မင်းဘယ်လိုတောင် မေးရဲရတာလဲ? သေချာပေါက် ငါကမင်းကို သင်ခန်းစာပေးဖို့ ဒီကိုရောက်နေတာ။"

သူ့စကားတွေကိုကြားတော့ ရှုရန်က လှောင်ပြုံးပြုံးလိုက်မိတယ်။ "ဟက်! ဖေဖေ ကျွန်တော်က ရှုမိသားစုဆီကနေ မောင်းထုတ်ခံထားရတယ် ဆိုတာကို ဖေဖေမေ့သွားတာလား? အဲ့အချိန်တုန်းက ကျွန်တော်က အပြည့်အဝနေပြန်မကောင်းသေးဘူး။ ကျွန်​တော့်ခင်ပွန်းက ကလေးနှစ်ယောက်နဲ့ အဲ့အချိန်တုန်းက အရူးတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်ကို စောင့်ရှောက်ခဲ့ရတာ။ ကျွန်တော်တို့က ရိုက်ခံထိပြီး ဘာအမွေမှမရဘဲ အိမ်ထဲကနေ မောင်းထုတ်ခံထိထားတာ။ ကံကောင်းစွာနဲ့ ကောင်းတဲ့လူအချို့က ကျွန်တော်တို့ကို စောင့်ရှောက်ပေးထားလို့သာ။ မဟုတ်ရင် ကျွန်တော်တို့က သေချာပေါက်ကို သေနေလောက်ပြီ။ ဖေဖေတို့က ကျွန်တော်တို့ရဲ့အုတ်ဂူတွေကိုပဲ မြင်နိုင်တော့မှာ။"

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now