လေးလံသောခြေထောက်တို့နှင့်မနည်းကားမောင်းလာခဲ့ရသော်လည်း..ကားပေါ်မှဆင်းသောအခါ ပြိုလဲယိုင်လဲကျလာသည်။သိပ်စိတ်ပျက်ဖို့ကောင်းပါသည်။ကိုယ့်ကိုမချစ်ပါဘူးလို့ဒီလောက်ငြင်းဆန်နေသူကို မရရတဲ့နည်းနဲ့ဆွဲထားမိတဲ့ကိုယ့်ကိုကိုယ် ရွံမိပါသည်။ဒါပေမဲ့ အတ္တနဲ့ပိုင်ဆိုင်ချင်တာကလွဲလို့ သူမအချစ်တွေလဲဖြူစင်ခဲ့ပါသည်။
"ယောင်း..."
"ဟင်"
"ငါပြောသင့်မပြောသင့်စဥ်းစားနေတာဟ..နင်စိတ်ဆိုးမှာလဲကြောက်တယ်..နင်တို့အိမ်ထောင်ရေး.."
"ဟဲ့နာဘီ..ပြောစရာရှိတာပွင့်လင်းပြော"
"ဟိုလေ..ဟိုနေ့ကငါကြားခဲ့တာရှိတယ်..နင်နဲ့နင့်သမီးကသွေးအမျိုးအစားမတူဘူးဆို..အဲ့တာနင်သိပြီးပြီလား။ပုံမှန်ဆို ဖခင်နဲ့သားသမီး.."
စကားမဆုံးခင်ပြေးထွက်သွားသောထယ်ယောင်းကိုနာဘီကြည့်ပြီးပြုံးမိပါသည်။
ထယ်ယောင်း နင်ကလူတိုင်းကိုနင့်လိုထင်ပြီး မယုံသင်္ကာဖြစ်နေတာနင်နဲ့အားနည်းချက်ပဲ။ဘာလို့နင်အဲ့လိုထင်နေလဲသိလား။နင်ရယူခဲ့တာ တရားသောနည်းလမ်းနဲ့မှမဟုတ်ဘဲ။ဘာပဲဖြစ်ဖြစ် ငါ့အတွက်အဆင်ပြေတယ်။အကိုဟိုဆော့ နာဘီတောင်းပန်ပါတယ်။
နာဘီပြောသောစကားတွေသည် နားထဲကိုသံရည်ပူလိုပူလောင်လှသည်။မယုံရကောင်းလားဆိုပြီးလဲကိုယ့်ကိုကိုယ်ဒေါသတွေထွက်မိပါသည်။
အိမ်ရှေ့ရောက်တဲ့အခါ လောင်နေသောမီးကိုဓာတ်ဆီလာလောင်းရုံမက ပန်ကာပါလာဖွင့်သည်။သားအဖ၂ယောက်သည် သူမနာလိုသောသူတစ်ယောက်ရဲ့ကားဆီက ဆင်းလာသည်။"ကင်ဟိုဆော့!!!!"
"အမယ်လေး...မောင်.."
"ဟက် လန့်သွားတာလား။တော်တော်မှလန့်လိုက်ရဲ့လား။ကျွန်တော့်စကားကိုအလေးမထားတာလား"
"ကင်ထယ်ယောင်း ငါလမ်းကြုံလို့လိုက်ပို့ရုံ"
"ဟုတ်တာပေါ့..ဟုတ်တာပေါ့..ပထမတစ်ခါ မတော်တဆ..ဒုတိယတစ်ခါ တိုက်ဆိုင်မှု..တတိယတစ်ခါဆိုရင်တော့ ဖန်တီးမှုလားမပြောတတ်ဘူးလေ"
![](https://img.wattpad.com/cover/260785705-288-k680326.jpg)
YOU ARE READING
Honey on the blade(complete)
Fanfictionမောင့်ကိုချစ်ရတာလဲလေ ဓားသွားပေါ်ကပျားရည်ကိုလျက်ရသလိုပါပဲလားမောင်ရယ်