💚4💚

1K 147 11
                                    

"ဘယ်လိုဖြစ်ကြတာလဲကွာ"

ရုတ်တရက်ဖြစ်သွားတဲ့မြန်ဆန်တဲ့အခြေနေမို့ ဂျီမင်ခမျာ ပါးစပ်အဟောင်းသားနဲ့။

"အဲ့လိုပဲဖြစ်သွားတယ်ကွာ။ငါအဆုံးရှုံးမခံနိုင်တော့လို့"

"ပိုမုန်းသွားရင်ဘယ်လိုလုပ်မလဲကောင်စုတ်လေးရဲ့!!!ဟူးးးးအခုသူကရောဘယ်မှာလဲ"

"ငါ့အိမ်မှာ အခန်းထဲမှာခန ပိတ်ခဲ့တယ်"

"ဘာ!!ရူးနေလားကင်ထယ်ယောင်းရဲ့!!သူက အကိုSuga ကောင်လေးဆို"

"ကောင်လေးမဟုတ်ပါဘူး။ကောင်လေးမဖြစ်ခင် ငါအရင်လက်ဦးမှုယူခဲ့တာပါ"

"အခုဘယ်လိုလုပ်မှာလဲ"

"ဘယ်လိုလုပ်ရမှာလဲ။လက်ထပ်ရမှာပေါ့။သူ့မိဘတွေဆီသွားခွင့်တောင်းရတော့မှာပေါ့"

ဂျီမင်လဲသူငယ်ချင်းဖြစ်သူကိုကြည့်ကာ သက်ပြင်းချမိပါသည်။သူတစ်ပါးဆီက မတရားလုယူထားတာနဲ့မတူနေဘူးလားသူငယ်ချင်းရယ်။ဘယ်ချိန် သူများလက်ထဲပြန်ပါသွားမလဲဆိုပြီး ပူလောင်နေရမယ့်လုပ်ရပ်မျိုး မင်းဘာလို့လုပ်ခဲ့သလဲကွာ။

×           ×           ×           ×            ×             ×
ထယ်ယောင်းသည်ဟိုဆော့မိဘတွေထံ မိသားဖသားပီပီတောင်းရမ်းအပ်နှံပြီးလက်ထပ်ခဲ့သောကြောင့် မိဘများကလဲကြည်ကြည်ဖြူဖြူလက်ခံခဲ့ကြပါသည်။ဟိုဆော့ရဲ့ဆန္ဒကြောင့် မင်္ဂလာပွဲကို အကျဥ်းချုံးပြီးပဲလုပ်လိုက်တော့သည်။ဂျီမင်တို့အတွဲရယ်။နာဘီရယ်။အသိမိတ်ဆွေတစ်ချို့ကိုသာဖိတ်စေခဲ့သည်။

"ဂုဏ်...ဂုဏ်ယူပါတယ်BiBi"

အသံမတိုးမကျယ်လေးနဲ့မျက်နှာမကောင်းသောHyungဖြစ်သူကိုကြည့်ပြီးသူရင်တွေအဆမတန်နာကျင်ရသည်။

"ကျေးဇူးပဲနော်"

ရုတ်တရက်အနားရောက်လာပြီး ပုခုံးကိုဖက်လိုက်ကာပြောလိုက်သောထယ်ယောင်းကြောင့် ဟိုဆော့မျက်နှာအတော်ပျက်သွားသည်ကို ယွန်းဂီမြင်ဖြစ်အောင်မြင်လိုက်ပါသေးသည်။

"မင်းလိုလူယုတ်မာနဲ့ငါစကားမပြောချင်ဘူး"

"ဟားး..ဟားးးဘယ်လိုလုပ်မလဲ။အခုအဲ့လူယုတ်မာရဲ့ယောကျာ်းဖြစ်နေပြီလေ"

Honey on the blade(complete)Where stories live. Discover now