💚3💚

1.2K 144 0
                                    

"ယောင်း နင်ဘာလုပ်မယ်စဥ်းစားထားလဲ။လက်လျှော့လိုက်ပါတော့ဟာ"

"ဟင့်အင်း ငါလုံးဝလက်မလျှော့နိုင်ဘူး။ငါလဲချစ်မိသွားတဲ့သူပါ။ဟက်ခ် အဲ့အတွက်ငါကဗီလိန်တစ်ယောက်ဖြစ်ရမယ်ဆိုရင်တောင် ငါပျော်ပျော်ကြီးအဖြစ်ခံမှာ"

ဖုန်းထဲကနေ မာန်ပါပါပြောနေတဲ့ထယ်ယောင်းကိုသာတွေးပြီး သက်ပြင်းအခါခါချမိပါသည်။ကျသွားသောဖုန်းလေးကိုသာကြည့်ပြီး နာဘီလဲအတ္တကြီးစွာဆိုမိသည်။

"အင်းးးးးးးးးနင့်တောင်လက်လွှတ်ဖို့မဖြောင်းဖြနိုင်တာ။ငါ့ကိုယ်ငါလဲဘယ်တော့မှနင့်ကိုလက်လွှတ်နိုင်မှာမဟုတော့ဘူး"

အတ္တ ရယူလိုစိတ် ပိုင်ဆိုင်လိုစိတ်တွေပြင်းပြနေတဲ့လူသား၂ယောက်ဟာ တကယ်တမ်းပိုင်ဆိုင်ရခဲ့သည်ရှိသော် အဆုံးမှာ အေးချမ်းနိုင်မယ်လို့ထင်လို့လား။ပူလောင်ခြင်းနဲ့ပဲအဆုံးသတ်ရမှာ အတ္တကြီးသူတို့သွားရာလမ်းများဖြစ်နေမလား။

×         ×          ×          ×          ×          ×         ×
ထုံးစံအတိုင်းကျောင်းရှေ့မှာစောင့်နေမိပြန်သည်။လိုက်ပို့ပေးတဲ့သူရှိပေမဲ့လို့ရူးမိုက်စွာဆက်စောင့်နေမိပြန်သည်။
သို့ပေမဲ့ သို့ပေမဲ့..မရည်ရွယ်ဘဲကြားမိလိုက်သောစကားသည် ရင်ထဲကနှလုံးသားကိုအရင်းကနေဓားနဲ့ဖြတ်လိုက်သလိုပဲ။ဒါကိုတော့ ပတ်ဝန်းကျင်ကိုတောင်အရေးမစိုက်နိုင်သောအရှေ့ကချစ်ကြည်နူးနေတဲ့အချစ်ငှက်လေး၂ကောင်ကတော့မြင်မယ်မထင်ပါ။

"Bibi ဒီနေ့အဖြေပြန်ပေးရမယ့်နေ့နော်။ ဝါးးးနောက်ဆုံးတော့"

"နောက်ဆုံးတော့ ဘာဖြစ်လဲ။ဒီမှာ Min yoon gi shiii.ကျွန်တော်မျိုးအဖြေမပေးရသေးဘူးလေ မပေးတော့ဘဲနေရမလားပြော"

"ဟာ အဲ့လိုမလုပ်ပါနဲ့ ကိုယ်2နှစ်တောင်စောင့်ခဲ့ရတာ"

"ဘာလဲ ငြိုငြင်နေပြီလား"

"မဟုတ်ရပါဘူးBibiရယ်"

"ဟီးးပြီးရော ညနေချိန်းနေကျနေရာမှာတွေ့မယ် လာမကြိုနဲ့တော့"

"ဘာလို့...ပြွတ်"

ယွန်းဂီစကားမဆုံးခင် ယွန်းဂီပါးကိုပြေးနမ်းသွားသောကောင်လေးကြောင့် ​တအံ့တသြဖြစ်နေတဲ့ကောင်လေးနဲ့ မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျနေတဲ့ကောင်လေးနဲ့ ဘာအပူပင်အတွေးမှမရှိဘဲပြေးထွက်သွားသောကောင်လေးတို့ ၃ယောက်ဟာ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ကံတရားကပဲသိနိုင်မလား။ပြုသူဖြစ်တဲ့လူတွေပဲသိနိုင်မလားဆိုတာတော့ မပြောတတ်တော့ပေ။
×        ×          ×           ×         ×          ×           ×
ညနေကျောင်းဆင်းတော့ ထယ်ယောင်း ဟိုဆော့ကိုစောင့်နေမိသည်။ထွက်လာပါပြီချစ်ရသူလေး။တောင်းပန်ပါတယ်အကို။အကို့ကို ကျွန်တော်အဆုံးရှုံးမခံနိုင်ဘူး။မုန်းချင်လဲမုန်းလိုက်တော့။

Honey on the blade(complete)Onde histórias criam vida. Descubra agora