အတိတ်တွေကိုပြန်တွေးနေလို့ကောင်းတာမရှိဘူးတဲ့..သို့သော် ကိုယ်ကတော့ဖြစ်နိုင်ရင် အတိတ်မှာတင်နေလိုက်ချင်သည်။အတိတ်ဆိုးတွေက ယခုပစ္စုပ္ပန်ထက်တော့ သာပါသေးသည်။သမီးကိုကျောင်းကြိုဖို့အချိန်တောင်ရောက်နေပြီမို့သွားကြိုမို့ပြင်လိုက်တော့သည်။
"သမီး!"
သူများကလေးတွေလို အဖေလာကြိုရင်ပျော်ပြီးပြေးလာမယ့်သူမဟုတ်တာကြောင့် ကိုယ်ကသာအရင်အော်ပြီးပြေးသွားရသည်။
"ဒီနေ့ကျောင်းမှာအဆင်ပြေရဲ့လားသမီး"
"ဟုတ်ပြေပါတယ်ပါပါး"
"လာသမီးသွားရအောင် အပြန် သမီးကြိုက်တဲ့ ဘာဂါဝယ်သွားမယ်"
"ဟုတ်"
အိမ်ပြန်ရင်းသမီးကြိုက်တတ်တဲ့ဘာဂါဝယ်နေတုံး ခေါ်သံကြားတာကြောင့်လှည့်ကြည့်မိတော့ ဂျောင်ကုတို့၂ယောက်။
"အကိုဟိုဆော့ ဘာဂါလာဝယ်တာလား။နေကောင်းတယ်မလား။ကျွန်တော်တို့မင်္ဂလာဆောင်ပြီးထဲကမတွေ့တော့တာ"
"ဟုတ်ပါရဲ့ဂျောင်ကုရယ်..ဂျီမင်ရောနေကောင်း.."
"ကောင်းပါတယ်..ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"
အတင်းစကားကိုဖြတ်ကာပြောပြီးအမြန်ထွက်သွားသောဂျီမင်သည် လွန်ခဲ့တဲ့3နှစ်မင်္ဂလာဆောင်သည့်နေ့ကလို မျက်လုံးချင်းတောင်မဆုံဘဲ ရှောင်ရှောင်သွားသလိုခံစားမိသည်။
"တောင်းပန်ပါတယ်အကိုဟိုဆော့..မင်ကဒီနေ့စိတ်မကြည်လို့ပါ"
"မဟုတာ..ရပါတယ်..ကလေးမယူကြသေးဘူးလား"
"ကျွန်တော်တို့၂ယောက်လုံးကလေးမရနိင်ဘူးတဲ့"
"Sryပါအကိုမမေးသင့်တာမေးမိပြီ"
"ရပါတယ် အဲ့တာဆိုနောက်မှပဲသက်သက်လာလည်တော့မယ် မင်စောင့်နေရမှာဆိုးလို့သွားပြီနော်အကို"
နှုတ်ဆက်ပြီးပြေးထွက်သွားသော ဂျောင်ကုကိုကြည့်ပြီးပြုံးလာရသည်။အချစ်တွေများအချိန်ကြာလာလေလေသစ်လွင်လာလိုက်ကြတာ..ငါတို့နဲ့များကွာပ။
× × × × × ×
"ပါပါး"
YOU ARE READING
Honey on the blade(complete)
Fanfictionမောင့်ကိုချစ်ရတာလဲလေ ဓားသွားပေါ်ကပျားရည်ကိုလျက်ရသလိုပါပဲလားမောင်ရယ်