💚12💚

1.1K 141 27
                                    

မင်..ဘာရှာနေတာလဲ"

ဂျီမင်အပေါ်ထပ်ရောအောက်ထပ်ရော အံဆွဲတွေကအစတစ်ခုခုကိုအသဲအသန်ရှာနေပုံရတာကြောင့် ဂျောင်ကုမေးလိုက်ခြင်း။ကိုယ်မေးတော့ရုတ်တရက်လန့်သွားတာကြောင့် နည်းနည်းတော့စိတ်ထဲစနိုးစနောင့်ဖြစ်သွားသည်။

"ဟိုဟာ..ဘာမှမဟုတ်တော့ပါဘူး။ရုံးသွားရတော့မယ်လေအခုထိမပြင်ဆင်သေးဘူးလားသွားသွားရေသွားချိုးတော့"

ရေချိုးခန်းထဲအတင်းတွန်းနေသောဂျီမင့်ကိုဂျောင်ကုမေးချင်သော်လည်း အမှုမဲ့အမှတ်မဲ့ပဲနေလိုက်တော့သည်။
×             ×              ×            ×                × 
ထယ်ယောင်းအဆင်မပြေနေပါ။အရင်လိုနိုးလာရင်အဝတ်အစားကူထုတ်ပေးမဲ့ seokမှမရှိတော့တာ။သက်ပြင်းချ မျက်လုံးမှိတ်ထားလိုက်သည်။တကယ်ကြီးဝေးသွားပြီလား။မျက်လုံးပြန်ဖွင့်လိုက်ရင်အရှေ့ကိုများရောက်လာမလား။ရူးတူးတူးပေါတောတောအတွေးလေးတွေတော့ရှိသား။
အကျင်္ီအဝတ်အစားသာအမြန်ဝတ်ပြီးအလုပ်ကိုသာသွားတော့သည်။

"သူ​ေဋ္ဌး ဧည့်သည်ရောက်နေတယ်"

"ဝင်လာခိုင်းလိုက်လေ"

"ယောင်း"

စာရွက်လှန်နေသောလက်တို့သည်တန့်ခနဲ။မော့ကြည့်လိုက်တော့စိတ်တို့သည်ပိုတောင်ရှုပ်လာရသည်။

"ဘာလာလုပ်တာလဲနာဘီ..နင်နဲ့ငါဇာတ်လမ်းပြီးပြီလို့ငါပြောထားတယ်မလား!!အေးအေးဆေးဆေးနေပါတော့လားဟာ"

"ယောင်း..."

"ပြန်တော့"

နာဘီ့ကိုပြောနေတုံးအကိုယွန်းဂီဆီကဖုန်းလာတာကြောင့်ကိုင်လိုက်သည်။

"အကိုပြော"

"ဘာမှတော့မဟုတ်ပါဘူး။Bibiကငါ့ဆီမှာအလုပ်လာလျှောက်လို့အလုပ်ဝင်နေပြီပြောတာ။မင်းကိုအသိပေးသင့်တယ်ထင်လို့"

"ကျေးဇူးတင်ပါတယ်အကိုရယ်။ကျွန်တော်လဲဘာဆက်လုပ်ရမလဲကိုမသိတော့ပါဘူးဗျာ"

"မင်းနဲ့နာဘီနဲ့အခြေနေရော"

"ကျွန်တော်.."

"ငါဒီကိုလာချင်လို့လာတာမဟုတ်ဘူးထယ်ယောင်း။ငါ့မှာနင်နဲ့ငါနဲ့ရထားတဲ့ကိုယ်ဝန်ရှိနေပြီ"

Honey on the blade(complete)Where stories live. Discover now