💚11💚

1.1K 130 17
                                    

ဘယ်လိုပင်ဖြောင်းဖြဖြောင်းဖြမရတော့သောSeokသည် သေချာဆုံးဖြတ်ပြီးဟန်တူသည်။မေမေကိုယ်တိုင်က သားမိုက်လို့ပြောပြီးကွာခိုင်းနေသည်လေ။ဘာပဲဖြစ်ဖြစ် အချစ်ဦးမို့ ရင်တော့အသေနာရသည်။ကိုယ့်ရဲ့လက်မှတ်ထိုးဖို့နေရာမှာ လက်ဟာအင်မတန်တုန်ရီနေခဲ့သလောက် Seokသည်လျင်မြန်ဖျက်လတ်ပြတ်သားစွာ။

"ရုံးချိန်းကိစ္စကိုရှေ့နေကြီးပဲစီစဥ်ပေးပါ"

"ဟုတ်ကဲ့ပါအကိုလေး..ကလေးကိစ္စကရော"

"ကလေးကကျွန်တော်ခေါ်ထားမှာပါ"

"Seok!!!"

"ကင်ထယ်ယောင်း ကလေးကိုနင်နဲ့ထားလို့မရဘူး Hobiနဲ့ပဲနေခိုင်း...နင်ကတော်တော်ဖခင်တာဝန်ကျေတာဆိုတော့"

"မေမေ!!"

"ကောင်းပြီလေထယ်ယောင်း ငါသမီးကိုဘယ်သူနဲ့နေမှာလဲမေးကြည့်မယ်။မင်းနဲ့နေမယ်ဆိုငါထားခဲ့မယ်"

သမီးကိုလှမ်းခေါ်ကာသမီးဆင်းလာတော့

"သမီး..ပါပါးနဲ့ဒယ်ဒီနဲ့ခုနတင်ကွာရှင်းလိုက်ပြီအဲ့တော့ သမီးကဘယ်သူနဲ့နေခဲ့ချင်လဲဟင်..ပါပါးနဲ့နေမှာလား။ဒယ်ဒီနဲ့နေမှာလား"

"ဒယ်ဒီနဲ့နေခဲ့ရင် ဟိုအန်တီနဲ့ဒယ်ဒီနဲ့နမ်းနေတာခနခနတွေ့ရမှာလားဟင်"

ထယ်ယောင်းသည့်လန့်ဖြတ်သွားသလို ဟိုဆော့သည်လည်း ပါးစပ်အဟောင်းသားနဲ့သာ ဖြစ်ရပါတော့သည်။

"မင်း!!!!မင်း..ကလေးအရှေ့မှာတောင်"

"မဟုတ်ဘူးseok မောင်.."

"တောင်းပန်ပါတယ်တောင်းပန်ပါတယ်ငါတို့သားအဖကိုမနှောင့်ယှက်ပါတော့ မေမေ မဟုတ်ဘူး အန်တီကျွန်တော်တို့ကိုသွားခွင့်ပြုပါ"

ထယ်ယောင်းသည်ကလေးကိုခေါ်ကာပြေးထွက်သွားသူကိုလိုက်လံခေါ်မည်ဖြစ်သော်လည်း..အမေဖြစ်သူမှဆွဲထားကာပါးရိုက်ခြင်းခံလိုက်ရသည်။

"မာမီ"

"နင့်လိုသားမျိုးမွေးရတာငါတကယ်ဝမ်းရေးစပ်တယ်ထယ်ယောင်း"

ထယ်ယောင်းသည်မည်သည့်စကားမှမဆိုနိုင်အောင် ဆိုဖာခုံပေါ်သို့ထိုင်ရက်သားပြုတ်ကျသွားသည်။ပေးတဲ့အပြစ်က ကြီးမားလိုက်တာ။
×         ×         ×        ×          ×          ×          ×
"ထယ်ယောင်းအဆင်ပြေရဲ့လားကွာ"

Honey on the blade(complete)Where stories live. Discover now