မျက်နှာကျက်အဖြူရောင်ကိုကြည့်ပြီးသူသည် ခေါင်းပိုကိုက်လာရသည်။ဆေးနံ့တွေမွှန်ထွန်နေအောင်ရနေပုံထောက်..သူသည်ဆေးရုံရောက်နေပုံရသည်။ဘယ်နေရာရောက်နေတာလဲဟု အပင်ပန်းခံမေးမနေချင်တော့။မေးနေရအောင်လဲ ဒရမ်မာဆန်မနေ။
"Seokသက်သာရဲ့လားဟင်"
အသံကြားသည်နှင့်ဝုန်းခနဲကောက်ခါငင်ကာ ထကာ လက်ညိုးထိုးပြီးတစ်ခုခုပြောချင်သော်လည်း အသံသည်ထွက်မလာ..လည်ချောင်းဝတင်တစ်နေသည်။
"Seok...စိတ်အေးအေးထားစိတ်ကိုလျှော့..ရေလေးရေလေးအရင်သောက်လိုက်ပါအုံး"
စိတ်ကိုလျှော့ပြီးရေသောက်ကာ ခနနားနေလိုက်သည်။နိမ့်ချည်မြင့်ချည်ရင်အစုံသည် အသက်ရှူနေရတဲ့seokအစား ကြည့်နေရသူသည်ပိုရင်မောရပါသည်။
"ဂျီ...ဂျီမင်...ရော."
လေသံသာထွက်ပြီးပြောနိုင်သည်မို့ တိုးတိုးလေးသာပြောနိုင်ပါသည်။အနားနားကပ်ကာနားထောင်ရသည်။
"ဂျီမင်က အခုထိသတိမရသေးဘူးseok"
"ငါ...ငါသွားတောင်း..ပန်..ချင်တယ်..ငါတို့..ကြောင့်.."
"မောနေတာစကားအများကြီးမပြောပါနဲ့လား.ခနနေသွားတွေ့မယ်နော်ခနလောက်နား.."
ခေါင်းကိုအဆက်မပြတ်ခါရမ်းကာအတင်းတောင်းဆိုနေသူကြောင့်စိတ်လျှော့ကာ ဂျီမင်တို့အခန်းဆီလိုက်ပို့ရသည်။
အခန်းထဲသို့ရောက်သည့်ခိုက် ကုတင်ပေါ်မှာဆေးပိုက်တန်းလန်းနှင့်လဲလျောင်းနေသူကိုတွေ့ရသည်။ဂျောင်ကုခမျာလဲ စိတ်ကြောင့်ဂျုံးဂျုံးကျနေသည့်ရုပ်။
"ဂျောင်ကု"
ဂျောင်ကုသည်သူတို့နှစ်ယောက်ကိုတွေ့သည်နှင့်ပြေးလာသည်။
"Hyungကျွန်တော်တောင်းပန်ပါတယ်။ကျွန်တော်တကယ်အနူးအညွတ်တောင်းပန်ပါတယ်။ကျွန်တော့်ညီမအမှားအစားကျွန်တော်ကပဲတောင်းပန်တာမို့..ကျွန်တော်ရှက်မိပါတယ်မျက်နှာဘယ်သွားထားရမှန်းတောင်မသိပါဘူးဗျာ"
အဘယ်သို့လွဲချော်ရသတည်း။တောင်းပန်ဖို့လာတာကသူ..ပြန်တောင်းပန်ခံရတာကလဲသူ။တကယ်တမ်းတောင်းပန်ရမယ့်ကာယကံရှင်ကျဘယ်ဆီနေမှန်းမသိ။ကံကြမ္မာသာရုပ်နာမ်ရှိရင်သောက်ခွက်ကိုသာတည့်တည့်ရိုက်မိမှာအမှန်။
YOU ARE READING
Honey on the blade(complete)
Fanfictionမောင့်ကိုချစ်ရတာလဲလေ ဓားသွားပေါ်ကပျားရည်ကိုလျက်ရသလိုပါပဲလားမောင်ရယ်