မွေးခန်းရှေ့မှာ ခေါက်တုံ့ခေါက်ပြန့်လျှောက်နေသော ယွန်းဂီ။ခနနေတော့ nurseတစ်ယောက်ထွက်လာကာ..
"ဒီကလူနာရှင်လားမသိဘူး"
"မဟုပါဘူးသူ့ရဲ့မိတ်ဆွေပါ.."
"ခွဲစိတ်ရမှာမို့လို့လေ..လူနာရှင်မပါဘူးလားဟင်..လူနာရှင်ရဲ့လက်မှတ်လိုတယ်ရှင့်"
"အာ...ဖုန်းဆက်ကြည့်လိုက်...မဖြစ်ပါဘူး ခွဲတာကြာရင်ဒုက္ခရောက်အုံးမယ်။ကျွန်တော်ပဲထိုးပေးလိုက်ပါ့မယ်။ရတယ်မလား"
"ရပါတယ် ဒါဆို ဒီမှာပါ.."
ယွန်းဂီလဲ ဘာမှထွေထွေထူးထူးတွေးမနေတော့ဘဲ လက်မှတ်ထိုးပေးလိုက်လေသည်။ဆရာမလဲပြန်ဝင်သွားပြီး နောက်နာရီဝက်အကြာ ဆရာမပြန်ထွက်လာလေသည်။
"ဂုဏ်ယူပါတယ် လူကြီးရောကလေးရော ကျန်းမာပါတယ်ရှင်"
ယွန်းဂီလဲခုမှသက်ပြင်းချနိုင်တော့သည်။ခနနေတော့ ရိုးရိုးအခန်းကိုပြောင်းတော့ ကုတင်ပေါ်က ဟိုဆော့က မေ့ဆေးအရှိန်ကြောင့် သတိမရသေး။
ဟိုဆော့အမျိုးသားဆီဆက်ဖို့ ဖုန်းလိုက်ရှာတော့လဲ ရုတ်တရက်မြန်မြန်ချီလာရသည်မို့ ဖုန်းကအဲ့မှာကျန်ခဲ့သည်ထင်သည်။
ဘယ်လိုလုပ်ရမလဲ...ဘယ်လိုလုပ်ရမလဲ။
ရုတ်တရက်ခေါင်းထဲအကြံတစ်ခုရောက်လာကာ..
"ဟယ်လို..ဂျောင်ကုလား"
"ဂျောင်ဟိုဆော့ကိုသိတယ်မလား။ဟိုတစ်ခေါက်မင်္ဂလာပွဲမှာ ညီလေးတို့လာတာတွေ့လိုက်သေးတယ်"
"သူ့အမျိုးသားဆီဖုန်းဆက်ပေးလို့ရလား..ဒီမှာ BiBi..အာ sry..ဟိုဆော့က အခုဆေးရုံမှာမို့.."
"ဟုတ်ကဲ့ ကောင်းပြီညီလေး...ကျေးဇူးပါနော်ညီ"
× × × × × × ×
မေ့ဆေးပြယ်ပြီးနိုးလာတော့ အရင်သတိရမိသူက သူ့ကလေးလေး။ဝုန်းခနဲထထိုင်လိုက်တော့ ဆစ်ခနဲအောင့်တက်သွားသောဗိုက်။
"သတိရလာပြီလားBi Bi ဖြည်းဖြည်းထမှပေါ့"
"သမီးရောဟင်...သမီးရော"
![](https://img.wattpad.com/cover/260785705-288-k680326.jpg)
YOU ARE READING
Honey on the blade(complete)
Fanfictionမောင့်ကိုချစ်ရတာလဲလေ ဓားသွားပေါ်ကပျားရည်ကိုလျက်ရသလိုပါပဲလားမောင်ရယ်