Chapter(11):မိသားစုပိုင္ဆိုင္မႈ မိသားစုပိုင်ဆိုင်မှု

Start from the beginning
                                    

လျိုထုံသဘောတူတော့ ရွာလူကြီးကသူ့မျက်လုံးကို ရှုဟိုခိုင်ဘက်လှည့်ပြီးတော့ "ရှုမိသားစုအကြီး အကဲ မိသားစုခွဲထုတ်တာနှင့်ပတ်သက်ပြီး မင်းဘာ ပြောစရာရှိလဲ?"

ရှုဟိုခိုင်ကရှေးရိုးစွဲလယ်သမားတစ်ယောက်ဖြစ်
တယ်။ သူစာတစ်ခါမှမဖတ်ဖူးဘူး။ ရှေးအစဉ်အလာ တွေကသူ့အရိုးထဲထိစွဲထင်နေတယ်။ အဲ့တာကြောင့် သူကမိသားစုခွဲထုတ်တာကိုသဘောမတူဘူး။

သို့သော်လည်း ရှုဟိုခိုင်စကားမပြောနိုင်သေးခင်မှာပဲ့ သက်ကြီးဖေဖေရှုက မတ်တပ်ရပ်ပြီးတော့ ပြော လိုက်တယ်။ "ခွဲထုတ်လိုက်။ ဒီမိသားစုကသေချာ ပေါက်ခွဲထုတ်ရမယ်။"

ရှုဟိုခိုင်ကသက်ကြီးဖေဖေရှုကို တစ်ချက်ကြည့်ပြီး တော့ငြိမ်သက်စွာနှင့် သဘောတူလိုက်တယ်။

ရွာလူကြီးကရှုချိန်ကို ထပ်မေးတယ်။ "ဒါဆိုမင်းရဲ့ ဖေဖေနှင့်အဖေက မိသားစုခွဲထုတ်ပြီးတဲ့အခါ ဘယ် သူနှင့်နေမှာလဲ?"

ရှုချိန်ကသူ့ရင်ဘတ်ကိုပုတ်ပြီးတော့ "သေချာ ပေါက်ကျွန်တော်တို့နှင့်နေမှာပေါ့။"

ဟုတ်တာပေါ့။ သူကမမိုက်မဲသေးဘူး။ တကယ်လို့ သူ့ဖေဖေနှင့်အဖေကသူ့အစ်ကိုကြီးနှင့်သာနေမယ်ဆိုရင် မိသားစုဆီကနေသူမြေဘယ်လောက်ရမှာမို့လဲ? တကယ်လို့ သူတို့ကသူနှင့်သာနေမယ်ဆိုရင် မြေများ များရရုံသာမက ဒီအိမ်ကိုပါရနိုင်လိမ့်မယ်။ သူ့အစ်ကိုကအရူးတစ်ယောက်ပဲ့။ အဲ့ဒါကြောင့် သူ့ဖေဖေနှင့်အဖေကမိသားစုပိုင်ဆိုင်မှုကို သူ့ကိုဘာ လို့ပေးမှာလဲ?

"ဟုတ်တယ်။ ငါတို့ကချိန်နှင့်နေမယ်။ အနာဂတ်ကျ ရင် ဒီအရူးကြောင့် ငါတို့စိတ်အနှောင့်အယှက်ဖြစ် စရာမလိုတော့ဘူးပေါ့။" သက်ကြီးဖေဖေရှုက သူ့ သားရဲ့စကားတွေကို တုံ့ပြန်ပြောဆိုလိုက်တယ်။

ရွာလူကြီးကမိသားစုခွဲထုတ်တာနှင့်ပတ်သက်ပြီး ထပ်ပြီးဘာမှလုပ်လို့မရတော့ဘူး။ ပြီးတော့သူက လည်းဒီထဲမှာ ပါဝင်မပတ်သက်ချင်ပါဘူး။ အဆုံး သတ်မှာတော့ အဲ့တာကသူတို့ရဲ့အရေးကိစ္စပဲ့လေ။ နောက်ဆုံးမှာတော့ ရွာလူကြီးကရှုဟိုခိုင်ကို အေး စက်စက်အကြည့်တစ်ချက်ပေးပြီးတော့ ထွက်ခွာ သွားတယ်။

Transmigration : TFLOA "Fool" (BL) [Myanmar Translation]Where stories live. Discover now