Unicode >>>
''Park Chae Young''
မူကြိုအရွယ်မှာ appa ဆုံးသွားပြီး 8 တန်းကျောင်းသူ အရွယ်မှာ omma ဆုံးတဲ့ နောက်ပိုင်း အပြုံးဆိုတာ Chae ဆိုတဲ့ သူမရဲ့ လှပတဲ့ မျက်နှာမှာ မတွေ့ရတော့တာ ခုချိန်ထိပဲ ရတဲ့ အလုပ်မှန်သမျှ ဝင်လုပ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်စားစရိတ် ကျောင်းစရိတ် အတွက် ပိုက်ဆံရှာရတာ လွယ်တာတော့ မဟုတ်....ဒါတောင်တော်သေးတယ်လို့ ပြောရမလား အရင်က omma နဲ့နေခဲ့တဲ့ နှစ်ထပ်အိမ်လေး တစ်အိမ်တော့ အမွေအဖြစ်ကျန်ခဲ့လေရဲ့ Uni ကျောင်းသူ တစ်ယောက်ဆိုပေမဲ့ တစ်ခြားသူတွေလို ဘဝ က မလှခဲ့တော့ ချစ်သူနဲ့ ကြည်နူးပြီး ကျောင်းသူဘဝရဲ့ ပျော်ရွှင်မှုတွေ ခံစားနေရမယ့် အချိန်မှာ သူမကတော့ အချိန်ပိုင်း အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ ရုန်းကန်နေရတယ်ရေခဲတုံးလို့ အပြောခံရလောက်အောင် အရယ်အပြုံးမရှိ သူငယ်ချင်း မရှိ ချစ်သူ မရှိတဲ့ အေးစက်စက် နှလုံးသားလေးရဲ့ ပိုင်ရှင် 'Chae'
ဘယ်သူ့ကိုမှ သံယောစဉ် မထားမိအောင် နေတဲ့ သူမမှာ မူလတန်းထဲက အရမ်းချစ်ရတဲ့ သူငယ်ချင်းမလေး တစ်ယောက်တော့ ရှိလေရဲ့ ...'' Kim Jisoo''
Kim company ရဲ့ ဆက်ခံသူ
လှပချောမောတယ် ဆိုတာထက် ပိုတယ့် သူမ
တစ်ဉီးတည်းသော ညီမလေးကို အသက်ထက်ပိုချစ်တယ့် သူမ
appa စကားဆို ငယ်ငယ်ထဲက ခုချိန်ထိ မလွန်ဆန်ရဲလို့ သူမရဲ့ ဝါသနာတွေကိုတောင် စွန့်လွှတ်ပြီး အထက်တန်းကျောင်းသူ အရွယ်ထဲက company အလုပ်တွေကို လေ့လာခဲ့ရသူ
omma က နားလည်ပေးပေမယ့် ချုပ်ချယ်လွန်းတဲ့ သူမရဲ့ appaကြောင့် ခုချိန်ထိ ချစ်သူမပြောနဲ့ သူငယ်ချင်း တောင် သိပ်မရှိ Kim မိသားစုက မလို့ ရှိန်နေတာလား ခပ်တည်တည်နေတတ်တဲ့ Jisoo ရဲ့ အကျင့်ကြောင့်ပဲမလား မသိ... ချောမောလွန်းတဲ့ ရုပ်ရည်နဲ့ heart shape lips လေးကြောင့် ယောကျာ်းလေး အများစုရဲ့ စိတ်ဝင်စားမှုခံရပေမယ့် သူကိုယ်တိုင် အချစ်ရေးကို စိတ်မဝင်စားသေးတာကြောင့်ရော appa ရဲ့ ရည်းစား မထားရဆိုတဲ့ တစ်ချက်လွှတ် အမိန့်ကြောင့်ရော အခုချိန်အထိ အချစ်ရေးကို စိတ်တောင်မကူးရဲ.......''La Lisa Manoban''
မိဘတွေက ထိုင်းမှာ စားသောက်ဆိုင် တော်တော်များများကို ပိုင်ဆိုင်ပြီး ချမ်းသာတဲ့ မိသားစုထဲ ပါတာ မလို့ Lisa ရဲ့ ဘဝ ဟာ အေးအေးဆေးဆေး မူလတန်းအရွယ်ထဲက Korea ကို ရောက်ပြီး Lisa ရဲ့ အဒေါ်အိမ်မှာ နေခဲ့ပေမဲ့ 8 တန်းပြီးတာနဲ့ အားနာလာလို့ အိမ်ခွဲနေဖြစ်ခဲ့တယ် လစဉ် pa တို့ဆီက မုန့်ဖိုးတွေရနေတာမလို့ စားဖို့သောက်ဖို့ဟာ ပူစရာမလို နေစရာအတွက်လည်း pa တို့က အိမ်တစ်လုံး ဝယ်ပေးထားလေရဲ့ Lisa က အရင်ထဲက boy type ဖြစ်တာမလို့ ကျောင်းသူတစ်ချို့ဆို Lisa ကို oppa lisa; oppa lisa နဲ့ အသဲစွဲဖြစ်နေကြတယ် korea ကို စရောက်ထဲက ခင်ခဲ့ရတဲ့ ''Park Chae Young'' ဆိုတဲ့ ရေခဲတုံးကြီးကတော့ကိုယ့်ရဲ့အချစ်ရဆုံး သူငယ်ချင်းကြီးပေါ့.......
YOU ARE READING
Forever Not Sure ( Completed )
Fanfiction"နောက်ဘ၀ဆိုတာ ရှိနေသရွေ့ မ ကိုပဲ ချစ်ပါရစေ " " ကျွန်မကို မုန်းလိုက်စမ်းပါ မ ရယ် " _ Park Chae Young _