အပူတပြင်းဆက်သွယ်နေတုန်းမှာပဲ
နားမလည်နိုင်စွာ JeonJungKookသည်
ဆိုအာနှင့် နိုင်ငံတခု၏ကမ်းခြေတခုကိုရောက်နေကြောင်း
သူစုံစမ်းသိခဲ့ရသည်.....။

LeeHannaသည် ထိုဓာတ်ပုံတွေအား
ထပ်ခါထပ်ခါကြည့်ကာတောက်လျှောက်ဝေဖန်မှု
များလုပ်နေလျက်....။

"နောက်ဆုံးတော့ Jungkook က
သူ့နေရာသူသိသွားတာပဲ
ဗိုက်ထဲက ကလေးက
JungKook ကိုအမြင်မှန်တွေရသွားစေတာလား
မသိဘူးနော် ကို...."

မယုံနိုင်စွာအကြိမ်ကြိမ်ပြန်ကြည့်ခဲ့လည်း
သာသာယာယာအပန်းဖြေနေသော
JungKook မှJungkook....။
ဘာတွေလုပ်သွားတာလဲဆိုတာ
နည်းနည်းလောက်တော့လာရှင်းပြပေးဖို့
လိုပါသည်....။

ခေါင်းတခုလုံးသည်ချာချာလည်ကာ
လဲကျသွားသည်အထိဖြစ်ခဲ့ရသည်.....။

Private Tripတခုကိုတယောက်ယောက်က
ခိုးရိုက်ကာတင်ထားခဲ့သောပုံများ....။
မတင်ခဲ့လျှင် သူဘာမှမသိဘဲ
မျှော်တလင့်လင့်ဖြင့်အကြိတ်အနှယ်
ကြိုးစားဆက်သွယ်နေအုန်းမှာ....။

သူ့ကိုလက်မထပ်ချင်ပါဘူးဟု...
ငြင်းလို့အဆင်မပြေ၍ခဏတာ
ပြေလည်အောင် နှစ်သိမ့်ခဲ့သော
လက်ထပ်ပါမယ် အေးဆေးပေါ့...
ဟူသောစကားများ.....

Jungkook ခေါင်းထဲမှာဘယ်ထဲကသူ့ကို
မလိုချင်တော့တာလည်းဆိုတာ
စဉ်းစား၍မရတော့....။
LeeHanna ကိုနိုင်ဖို့.....
အိပ်ယာထဲဆွဲတင်ဖို့....
တခါတရံစိတ်ညစ်လာရင်စီးကရက်တလိပ်ဖွာကာ
တောင်တောင်ရီရီတွေလျှောက်ပြောဖို့
သူ့ အနေအထားက Jungkook အတွက်
အဲ့ဒီလောက်ပဲရှိတော့တာ.....

ဒါကိုမသိစိတ်ကသိနေတယ်...
သို့သော် ငါ့ကိုဘယ်လောက်ချစ်ခဲ့တာ...ဆိုတဲ့
ကျန်ခဲ့သောလပိုင်းတွေက အခိုက်အတန့်လေး
တွေကိုပြန်တွေးပြီး မျက်လုံးစုံမှိတ်
သူဆက်ချစ်နေမှာပဲလို့တွေးပစ်ခဲ့တာ...။
တချက်မေ့သွားတာက သူကအရင်တုန်းက
JungKook မှမဟုတ်တော့ပဲ...။

သူတယောက်ထဲကိုမြင်...
သူတယောက်ထဲကိုတွေး
သူ့ကိုပဲအရူးအမူးလိပ်ပြာလေးမှမဟုတ်တော့တာ...

ယူရီကိုတွေ့လျှင်လည်းမျက်လုံးတဖက်
မှိတ်ပြဖို့မမေ့ခဲ့သလို....
Babeဆိုသော ကောင်မလေးကလည်း
အနားတွင်အမြဲမပြတ်ရှိနေဆဲ..
တခြားတခြားအကန့်တွေကတော့
ရေတွက်၍ပင်မရနိုင်....။

Butterfly...Jeon🦋 (Completed)Where stories live. Discover now