"Hannaနဲ့ မမကြီးသိသွားရင်
Kookie ရောJimin ရောဒုက္ခရောက်မှာ....""မသိရင် မရောက်ဘူးလေ..."
ကောင်းကင်ပြာပြာကြီးအားဆွဲပီးသည့်အခါ
လူတစ်ယောက်ပုံကိုစဆွဲနေရင်းသူကပြန်ပြောသည်။"Jimin က Kookie ကို အစစ်အမှန်
သဘောကျတာမဟုတ်ဘူး...
သူသဘောကျတာHannaပဲရှိတာ...
ပြီးတော့....""သူJungKookကိုသေချာပေါက်
သဘောကျပါတယ် Hyung စိတ်မပူပါနဲ့....
JungKookတို့ နမ်းခဲ့ပြီးပြီး
ချိန်းလည်းချိန်းတွေ့ပြီးပြီ.....
ဒီမှာကြည့် ဒါပထမဆုံးအနမ်းရဲ့ပုံ..."ပါရမီပါသောသူမို့ ပန်းခင်းဝါဝါတွေကြား
နမ်းနေသောကောင်လေးနှစ်ယောက်၏
အသက်ဝင်မှုသည်ချီးကျူးထိုက်ပါသည်။"Jimin လာရင် ပေးမလို့.....
သေချာခေါက်ပီးစာအိတ်လေးထဲ
ထည့်ပေးရမယ်......""ရပ်တော့လို့ Hyung ပြောနေတယ်လေ
ဒါ လုယူနေတာ Kookie...
တခြားသူပိုင်နေပါတယ်ဆိုတာကို
သိသိရက်နဲ့ ယူနေတာ...""Jungkookဆီကလည်းအားလုံး
လုယူခဲ့ကြတာပဲလေ....
လောကကြီးမှာ လိုချင်လို့ လုယူတာ
ဆန်းသေးလို့လား""မင်းနာကျင်ထိခိုက်ရမှာစိုးလို့
ပြောနေတာ....မင်းပဲထိခိုက်မှာ
အားလုံးကအင်အားကြီးပီး
အတ္တသမားတွေကြီးပဲ ကလေးရဲ့
Hyung ကို ချစ်ရင်...လိမ်မာပေးပါ....""ဟင့်အင်း...."
"JungKookie...ဘယ်လိုမှမင်းကို
ပြောလို့မရတော့ဘူးလား...."ဆွဲနေသောစုတ်ချက်တွေသည်အနားသတ်
မျဉ်းတကြောင်းတွင်ရပ်သွားကာ
တုန်ခနဲ...။မအော်စဖူးထအော်လိုက်သော
SeokJinအသံကြောင့် ခြံထဲကအလုပ်သမား
တွေတောင် တအံ့တဩလှမ်းကြည့်ကြသည်။"မရဘူး မရဘူး...!!"
လက်ထဲကပန်းချီစာရွက်အားဆွဲဖြဲပစ်လိုက်
တာကြောင့်SeokJinလည်းလန့်သွားသည်။
သူတညနေလုံးတဖြည်းဖြည်းဆွဲထားသော
လက်ရာမြောက်လေးမလား။"Kookie..!!!"
စာရွက်တွေအားတစစီဖြစ်သည်အထိ
ဆွဲဖြဲပစ်ကာအကုန် လုံးချေခဲ့ပီး
နောက် အိမ်ကြီးဘက်သို့ပြေးသွားခဲ့သည်။
YOU ARE READING
Butterfly...Jeon🦋 (Completed)
RomanceJeonက လိပ်ပြာလေးလိုပဲ... အတောင်ပံလှလှလေးတွေနဲ့ ဖမ်းမိဖို့ရာခက်လိုက်တာ....🦋