JungKookသည်ဖိနပ်စီးနေရာမှလက်တို့
မသိမသာရပ်သွားကာစိတ်ထဲဖျင်းခနဲ...။
သို့သော်ဖိနပ်ကြိုးကိုပဲအာရုံစိုက်ပြန်ချည်ပြီး
Kittyအားခေါ်ကာYoongiကိုတောင်
ကောင်းကောင်းမနူတ်ဆက်ဘဲ
ချက်ချင်းထွက်သွားသည်....။

ပြောတော့မပြောချင်ပါ သို့သော်
မမျှော်လင့်ဘဲထိုကောင်လေးကJiminဆီ
ခြေလှမ်းတွေလှမ်းသွားတဲ့အခါ ထပ်နာကျင်စရာ
တွေဖြစ်မှာစိုးရိမ်၍ သတိပေးလိုက်ရသည်။
JeonJungkook ကတော့
တကယ်ပဲဘာခံစားချက်မှမရှိတော့တာလားမသိ
ကောင်မလေးငယ်ငယ်လေးအားလက်ဆွဲလျက်
ထွက်သွားသည်....။

ဝမ်းသာရပါတယ်....။သန်မာနေတဲ့လိပ်ပြာ
အသစ်အဖြစ်တွေ့ရတာ...။
သူအများကြီးကျေနပ်ခဲ့ပါတယ်...။
ParkJimin လည်းကြာရင်တော့နေသားကျသွား
မှာပဲလေ.....။

Jungkook သည်အခန်းပြင်ရောက်သည်နှင့်
ခြေလှမ်းတွေရပ်ကာ Jiminအခန်းဘက်သို့
ကြည့်ရင်း တံခါးပိတ်ထားသောအခန်းသည်
သူ့အတွက်မုန်းစရာ....မီးရှို့ပစ်ချင်စရာ..။
ထ်ုအခန်းထဲမှာ သူနဲ့ပျော်ရွှင်ကြည်နူးခဲ့သလ်ု
LeeHanna နဲ့ရော မဖြစ်ပါဘူးဟု
ဘယ်သူကအာမခံနိုင်မှာလဲ....။

စဉ်းစားနေစဉ် ရိပ်ခနဲဖြတ်သွားသောယူရီကြောင့်
Kittyလက်တွေကိုလွှတ်ချလိုက်သည်။

"ခဏနေခဲ့အုန်း...ပြန်ချင်လည်းပြန်
သွားစရာရှိလို့...."

"ဘယ်သွားမှာလဲ...ခေါ်လာပီး အဲ့လိုမလုပ်နဲ့လေ.."

"အိမ်သာလေ နင်လ်ုက်ချင်လို့လား..."

"အိမ်သာ ဆိုရင်တော့ Babeစောင့်ပါ့မယ်
မကြာလောက်ပါဘူး...."

စကားပြန်တောင်မရ ထိုလူကြီးသည်
မင်းသားတပါးလိုကြွကြွရွရွထွက်သွားသည်။
သာမာန်လူတွေရဲ့အမြင်မှာ JeonJungkook က
ပုံမှန်ဆိုပေမယ့် Kittyမျက်လုံးထဲတွင်
လမ်းလျှောက်တာကအစ Perfect ဖြစ်နေကာ
ကြွေပီးရင်းအထပ်ထပ်ကြွေရပြန်သည်...။

စိန်တိုက်ပိုင်ရှင်သူဌေးတစ်ယောက်၏
တစ်ဦးထဲသောရင်နစ်သဲချာ
ကလေးမလေးကို ဆေးရုံကော်ရစ်တာတွင်
ထားခဲ့ပြီး ဆရာဝန်မလေးနောက်လိုက်တော့မည့်
သူသည် တည်တည်တံ့တံ့ပင်....။
အကျီတထည်ပုခုံးပေါ်တင်လျှက်
ယူရီနောက်သို့လိုက်ခဲ့တော့သည်...။

Butterfly...Jeon🦋 (Completed)Where stories live. Discover now