"ဘယ်သူကရိုက်စီးခိုင်းလို့လဲ....
လာမချိတ်နဲ့..."

"ဒီလောက်ခုမှ Oppaအရပ်ကိုမှီမှာလေ
ဒါတောင်မမှီသေးဘူး...
ဖိနပ်နိမ့်နိမ့်လေးစီးရင် Babeကကလေးလို
ဖြစ်နေမှာပေါ့...."

"နင်ကမှီတော့ ဘာလုပ်မလို့လဲ..
အာရုံမစားနဲ့နော်...ဒါဆေးရုံ..."

TShirtအမဲရောင်ကို Shirtအကျီအကွက်
ဖြင့်တွဲဝတ်ထားတယ်လို့လည်းမခေါ်နိုင်
သူ့အထာအတိုင်းပုခုံးပေါ်တွင်တင်ရုံတင်ထားကာ
ဂျင်းဘောင်ဘီးပွပွဖြင့် အနက်ရောင်
ဖိနပ်အကြီးကြီးကိုစီးထားပြီး
ဆံပင်တွေကိုလှန်တင်မထား ခေါင်းလျှော်ထား
ပုံရတာကြောင့် ဒီတိုင်းချထားသည်..။
အိတ်တအိတ်အားလွယ်ထားလျက်မျက်မှောင်
ကျုံ့ကာ အာရုံမစားနဲ့နော် ဟု မာန်မဲလိုက်ပုံကို
ကြွေသွားပြန်တာကြောင့် ရင်ဘက်လေးကိုဖိထားရသည်။

ကြည့်ရုံနဲ့တောင်တော်တော်တန်နေသော
ယောကျ်ား တစ်ယောက်အဖြစ်
သူဘယ်လိုများကမ္ဘာမြေပေါ် ရောက်ရှိလာခဲ့သလဲ...။

"ငါခုတောင်မင်းကိုဖုန်းဆက်တော့မလို့
မေ့နေမှာစိုးလို့...."

YoongiHyungသည်ဘေးနားကKitty
ကိုတချက်ကြည့်ရင်းသူ့ကိုစနူတ်ဆက်သည်...။
Kiity သည်YoongiHyung အားတရင်းတနှီး
ပြုံးပြသော်လည်းYoongiHyung ကတော့
ခေါင်းညိတ်ပြရုံသာ...။

စစ်ဆေးမှုများလုပ်နေသောတလျှောက်လုံး
လည်းဘေးနားတွင်အကူအညီပေးရင်းJungKook အား
စကားမပြတ်ပြောနေသောကောင်မလေးအား
Yoongi Hyungကမျက်မှန်ပေါ်မှခဏခဏ
ကျော်ကြည့်နေသည်....။

"Oppa...ဒေါက်တာလို့မပြောရဘူး
ချောလိုက်တာ....ဖြူဖွေးနေတာပဲ..."

"Babe...!!!!YoongiHyungကနောက်စရာမဟုတ်ဘူး"

ကလေးမလေးသည်ဇက်ကလေးပုဝင်သွားကာ
JungKookခုတင်ပေါ်မှထတော့ ဆွဲထူပေးသည်။
အကျီတွေ အိတ်တွေအားကိုင်ထားပေးရာမှ
JungKookလက်ထဲပြန်ထည့်ပေးရင်း
ဂရုတစိုက်ပြုမူပါသည်...။

"မင်းတန်းပြန်မှာမလား Jiminဆီဝင်မနေနဲ့
Hannaရောက်နေတယ်..."

Butterfly...Jeon🦋 (Completed)Wo Geschichten leben. Entdecke jetzt