"ငါရိုက်ရင် နင်ဒီမှာတင်အသက်ထွက်လိမ့်မယ်
ပြောစမ်း ကောင်လေး မြင်သွားလား..."

ဆံပင်တွေအားဆောင့်ဆွဲကာမျက်နှာချင်း
ဆိုင်မေးတော့ သူမကရွံစရာကောင်းလှစွာ
ခေါင်းညိတ်ပြသည်...။

"မြင်အောင်လုပ်တာလေ...မမြင်သွားရ
လို့ဖြစ်မလား...."

ParkJimin မျက်နှာတခုလုံးဖြူစုတ်သွားကာ
အင်အားတွေချိနဲ့သွားပုံကဟားတိုက်ရီပစ်လိုက်
ချင်သည်။

"ဘာဖြစ်လို့လဲ...မြင်လို့မဖြစ်ဘူးလား
ကျမတို့က နောင်လည်းလင်မယားတွေ
ဖြစ်လာမှာပဲ...."

"Jungkook တခုခုဖြစ်ရင် နင့်ကိုငါသတ်ပစ်မယ်
LeeHanna...."

"JungKookတခုခုမဖြစ်ရင် မသေသေအောင်
ထပ်သတ်ပစ်မယ် ParkJimin...
ကျမကရှင့်ထက်အဆတရာ တထောင်မက
ရက်စက်တတ်တယ်ဆိုတာ
အဲ့ဒီအကောင်အသိဆုံး....."
ပွဲကပြီးသွားပြီ Jimin......
ကျမနိုင်တယ်...."

"နင်သိပ်ရွံစရာကောင်းတယ်...."

"ရှင့်ကို ချစ်လို့........."

"တောက်....!!!!!"

LeeHannaသည်အိမ်ပြန်ရန်အဝတ်အစားတွေ
သေချာပြန်ပြင်ဆင်ပြီး အခန်းထောင့်တွင်
ခေါင်းငိုက်စိုက်ကျနေသော Jimin ဆီသို့
လျှောက်သွားလိုက်သည်...။

"ပြန်ကြမယ်လေ..."

"နင်ငါ့ရှေ့ကမြန်မြန်သွားတော့ Hanna...
ငါ့စိတ်ကို ငါအာမမခံနိုင်ဘူး..."

LeeHannaသည် တန်ဖိုးကြီးအိတ်တအိတ်အား
လက်တွင်ချိတ်လိုက်ပြီးတဲ့နောက်

"တောင်းပန်ပါတယ်......
ကျမ ရှင့်ကိုတကယ်လက်မလွှတ်နိုင်လို့ပါ
ကြိုတောင်းပန်ထားပါမယ်
ကျမ ဒီထက်ပိုဆိုးအောင်ထပ်လုပ်မယ့်အရာအားလုံး
အတွက်...."

ဒေါင့်ဖိနပ်သံကျယ်ကျယ်သည်
မီးရှို့ပြာချပစ်လိုက်ချင်စရာ...။
ဖုန်းအားအသဲအသန်ရှာပြီးနောက်
JinHyungကိုအရင်ဆုံးလှမ်းဆက်သွယ်
တော့လည်းဖုန်းမကိုင်ခဲ့။
MinYooongiကဖုန်းပါပိတ်ထားသည်။
LeeHannaထွက်သွားသည်နှင့်
အခန်းထဲတွင်အရူးတစ်ယောက်လို
ဘယ်ကစလုပ်လို့လုပ်ရမှန်းမသိ...။
အိမ်...ကောင်လေးအိမ်...။
ဟုတ်တယ် အိမ်ကိုလိုက်ရမယ်.....။

Butterfly...Jeon🦋 (Completed)Where stories live. Discover now