"ငါတို့ JungKookကဆေးစစ်ရမှာ
မကြောက်တော့ဘူးပဲ...."

"ဆေးစစ်တာက ဘာကြောက်စရာရှိလို့လဲ...."

"အော်....ဟုတ်လား....ဒါပေါ့.."

ကျောပိုးအိတ်ကြိုးအားလက်နှစ်ဖက်
ဖြင့်ဆွဲကာဆရာဝန်လေးတွေ ဆရာမလေး
တွေအားသေသေချာချာလိုက်ကြည့်
နေတာကြောင့်

"ငါတို့ JungKookက ရွာမှာတုန်းက
ဆရာဝန်မလေးတွေကိုရှာနေတဲ့ပုံပဲ
စိတ်ဝင်စားလို့လား..."

"မဟုတ်ဘူး...."

"စိတ်ဝင်စားရင်Hyungကူညီပေးမယ်နော်..."

"JungKookမှာရှိတယ်...."

"ဘာရှိတာလဲ..."

"ပိုင်ရှင်....."

MinYoongiသည် ကျန်းမာရေးကောင်းစပြု
လာပြီဟုအထင်မှားနေကြောင်းသိလိုက်ရတာ
ကြောင့်သက်ပြင်းချကာစစ်ဆေးရမည့်
အခန်းထဲသို့သာခေါ်လာလိုက်သည်။
ဘယ်သူလဲ ပိုင်ရှင်က...?ဟု မေးမိလျှင်
မမျှော်လင့်ထားသောတစုံတခုကိုသိနိုင်
မည်ဆိုပေမယ့်MinYoongiကတော့
အများကြီးစိတ်မဝင်စားခဲ့ပါ။
ဆေးစစ်ရန်အခန်းထဲသာခေါ်သွားခဲ့ပြီး
လိုအပ်တာအားလုံးလုပ်ပေးနေခဲ့သော်
လည်းသူငြိမ်ငြိမ်သက်သက်လက်ခံ
သည်။

"ဒီမှာခဏလေးထိုင်နေပေးနော်
Hyung ဒီအခန်းထဲဝင်ချင်လို့
အပြင်လူတွေဝင်မရလို့....စောင့်နေပေးမယ်
မလား...."

"ရပါတယ်...."

"လိမ်မာတယ်....အိမ်ပြန်ရင်မုန့်ဝယ်ကျွေးမယ်...."

"တော့ပိုကီနော်...."

"အင်း...အင်း..."

ရရှိထားသောDataတွေအားအခန်းတခုစီ
သွားသိမ်းဆည်းစစ်ဆေးရန်MinYoongi
သည်ယုံကြည်စွာပင်ထားခဲ့သော်လည်း
အခန်းထဲဝင်ရုံမှာပင် JungKook သည်
ထပြေးသွားတော့သည်။

Jimin သည်ဆေးရုံမှာသေချာပေါက်
ရှိနေမယ်ဆိုတာသိပေမယ့်ဘယ်နေရာ
မှာလည်းဆိုတာက်ုသူသေချာမသိ။
YoongiHyung ကိုလည်းမမေးရဲ။
ကော်ရစ်တာတစ်လျှောက် ခပ်မြန်မြန်
လျှောက်လှမ်းရင်းသူလိုက်ရှာမိခဲ့သည်။

"တဆိတ်လောက်...Jimin...
မဟုတ်... Dr ParkJimin ဘယ်မှာရှိလဲသိလား..."

Nurseမလေးတွေကို ဆေးလာလာထိုးတတ်
လို့အရင်ကရှောင်တတ်ပေမယ့်
ခုတော့ တရိုတသေမေးမြန်းမိနေသည်။

Butterfly...Jeon🦋 (Completed)Where stories live. Discover now