"မင်းသူ့ကိုကြည့်တာကြာပီလား...."

"ကြာပီ...သူစဖြစ်ထဲကဆိုပါတော့
JungKookက Operation
ငါးခါလုပ်ထားတာ..."

နည်းမှမနည်းတဲ့အရေအတွက်ပဲ..။
အမြဲဖြူရော်နေသောနူတ်ခမ်းတွေ
သွေးရောင်ပျောက်နေသောအသားအရေ
တွေကသက်သေခံနေသည်။

"အခြေအနေဆိုးတာပဲ..."

"ငါမှတ်မိသေးတယ်
ငါသူ့ကိုအသက်မရှင်နိုင်ဘူး
ငါကယ်ဖို့ယုံကြည်ချက်မရှိဘူးလို့ပဲ
အတွင်တွင်ငြင်းခဲ့တာ....
မင်းသိပါတယ် ငါကသိပ်မတော်ဘူးလေ
မင်းသာဆို ငါ့လိုဘယ်ဖြစ်ပါ့မလဲ..."

ကောင်းကောင်းအသက်ရှင်နိုင်အောင်
ကယ်နိုင်ခဲ့တာမလား..။
ဒါသိပ်ပြောင်မြောက်တဲ့ကုသမှုတခု
ဖြစ်တဲ့အကြောင်းသူမထောက်ပြမိ။
MinYoongi သည်မြှောက်မိရင်
ပြန်ကျမလာတတ်တာကြောင့်
ခေါင်းသာညိတ်ပြလိုက်သည်။

"လက်တွေတုန်နေခဲ့တာ...
ကောင်လေးကအရမ်းလည်းငယ်သေး
တယ်လေ...သူ့နှလုံးတခုလုံးကားနဲ့အဖိခံ
ထားခဲ့ရတာ.."

ရင်ထဲအောင့်ခနဲ...။ကော်ဖီခွက်ကို
ယောင်ယမ်းစွာကိုင်မိလိုက်သည်။
ကော်ဖီတွေကုန်နေခဲ့တာတောင်
အားကိုးရာလိုကိုင်ထားရင်းမျက်နှာ
ပေါ်မှာတော့ ဘာအရိပ်မှမပေါ်သွား
အောင်ထိန်းထားခဲ့သည်။
ရင်နင့်စရာဖြစ်ရပ်ကြီးကို
မတုန်မလှုပ်နားထောင်နေသူ
Dr ParkJiminပေါ့လေ....။

"လေးနှစ်လောက်တော့ရှိပီပေါ့
ငါသူ့နားမှာရှိတာ..အရင်ကလမ်းမလျှောက်
နိုင်ဘူး...စကားလည်းသိပ်မပြောဘူး
ခုနှစ်ပိုင်းတွေမှအများကြီးတိုးတက်လာတာ
ငါ့ဆရာဝန်ဘဝအစမှာ ပထမဆုံး
အဆိုးဝါးဆုံးလူနာလေးပဲ...
နောက်ပိုင်းတော့ မင်းယောင်ဖပဲ
မင်းပဲကြည့်လိုက်တော့...."

"ကိုယ့်အကန့်ကိုယ်နေစမ်းပါ...
ငါသူ့အမယူတာ သူ့ယူတာမဟုတ်ဘူး..."

"မင်းဟာလေ..တစ်သက်လုံး
အချိုးပြေလာမယ့်ကောင်မဟုတ်ဘူး.ParkJimin..."

"မင်းတယောက်ထဲကိုပါ..
ငါကျန်တဲ့သူအားလုံးနဲ့အဆင်ပြေ
အောင်နေတယ်...."

Butterfly...Jeon🦋 (Completed)Where stories live. Discover now