"နေတွေပူနေတယ်လေကွာ
ဟိုနားကအရိပ်လေးမှာသွားနေ..သွား
မင်းမဝင်ချင်လည်း..."

"ဟုတ်ကဲ့..."

အတိတ်တွေထဲတွင်နေပူထဲဒူးထောက်
လက်မြှောက်ရသည့်အရေးကိစ္စသည်
အသေးငယ်ဆုံးပြသနာလေးတစ်ရပ်လို
ထုံထိုင်းကာခံနိုင်ရည်အပြည့်ရှိခဲ့ပါသည်။

ခန်းစီးစကိုင်ထားသောလက်ကလေးတွေ
လှုပ်သွားကာ မျက်ရည်တစ်စက်သည်
ပေါက်ကနဲကျသည်။အပြစ်ပေးခံရခြင်း
တွေကို ဝမ်းနည်း၍မဟုတ်...
ပြန်လာခဲ့မယ်ပြောပီး ဒီနေ့အထိ
ပြန်မလာတော့တဲ့ ဖေဖေကိုမြင်လိုက်ရတာကြောင့်
ရင်တခုလုံးဆွဲစုတ်ထားသလို....။

"လိပ်ပြာလေးတွေကိုလည်းလိုချင်တယ်
ဖေဖေ့ကို လည်း လိုချင်တယ်...."

လှိုက်တက်လာသောဝမ်းနည်းမှုသည်
ကူရာကယ်ရာမဲ့လာပါသည်
ရင်ဘက်ထဲက ထိုးအောင့်လာမှုနှင့်အတူ
လူသည်ယိုင်ခနဲ....
မြင်ကွင်းတွေသည်ရှုပ်ယှက်ခတ်လာသည်...
နေပူထဲတွင်မဟုတ် မိုးရေထဲတွင်ဒူးထောက်ရင်း
သတိလစ်သွားသည့် ဖြစ်ရပ်တွေ....
အေးစက်နေတာကြောင့် ထုံထိုင်းကာ
မတ်တပ်ရပ်လို့မရတော့သောပုံရိပ်တွေ
မျက်လုံးတွေသည် ဆောက်တည်ရာမရတော့....။

ထိုအချိန်ခြံထဲသို့မောင်းဝင်လာသောကားတစ်စီး
နှင့်ကားပေါ်မှဆင်းလာသောလူ...။
ဆံပင်တွေကိုသပ်တင်လိုက်ရင်း
တပ်လာသောနေကာမျက်မှန်အနက်ရောင်
အားချွတ်လိုက်ကာ တဖက်မှဆင်းလာသော
Hannaအားပြုံးပြနေသည်။

မနေ့က ပန်းကလေးမလား....။

သွားတန်းညီညီတွေပေါ်သည်အထိပြုံးနေရင်း
လက်ထဲကအထုတ်ကြီးအထုတ်ငယ်တွေ
အားဆွဲကာHannaလက်ကိုပါဆွဲကိုင်လိုက်သည်။

ဆောက်တည်ရာမဲ့နေသောမျက်လုံးတွေသည်
အပြုံးတခုအောက်မလှုပ်ရှားနေတော့ကာ
မျက်စံသေများဖြင့်စိုက်ကြည့်နေသည်။

လိပ်ပြာငယ်သည်....အပြုံးတခုအောက်
အသက်ဝိဥာဉ် လောကကမ္ဘာအား
မေ့လျှော့ခဲ့ပါကြောင်း....
စာအဆိုရှိခဲ့သော်...နောက်ကျိနေသော
စိတ်အစုံကြောင့်ပါဟု မှတ်ချက်ပေးကြပါလိမ့်မည်...

Butterfly...Jeon🦋 (Completed)Where stories live. Discover now