JungKookသည် ဘာခံစားချက်မှမရှိသော
စက်ရုပ်လိုဘဝမျိူးကိုပိုင်ဆိုင်ခဲ့တာ
ငါးနှစ်မြောက်ခဲ့ပြီ....။၁၆နှစ်အရွယ်အထိ
အဖေဖြစ်သူနှင့် အတွဲညီရင်း သိပ်တက်ကြွခဲ့သော
လူငယ်လေးသည် အဖြစ်ဆိုးပေါင်းများစွာ
ဖြင့် ထပ်ခါထပ်ခါ ကြုံတွေ့ခဲ့ပြီးသည့်နောက်
ကောင်းတခါ ဆိုးတလှည့်စိတ်အခြေအနေ
အားရင်ဆိုင်နေရသောသူ...။

"အနွေးထည်အနက်ရောင်လေး
Hyungထားခဲ့မယ်နော်....
Kookie အနက်ရောင်တွေကိုကြိုက်တယ်မလား..."

Hoodieအနက်ရောင်လေးအားခုတင်ပေါ်
တင်ထားပေးခဲ့ကာအခန်းပြင်သို့ပြန်ထွက်
ရသည်။ ထပ်နေ၍အဆင်မပြေနိုင်ပါ...။
စားစရာတခုခုစားချင်လာလျှင်လာပြော
လိမ့်မည်ဆိုတာသိတာကြောင့်အခန်းအပြင်တွင်ပဲ
စောင့်နေလိုက်တော့မည်။

"သွေးတွေနဲ့တူလိုက်တာ.....
အတောင်ပံတွေကသွေးတွေစီးနေသလိုပဲ...."

စုတ်တံဖြင့်မယူတော့ဘဲလက်ချောင်းတွေဖြင့်
ဆေးနီနီတွေအားထိတွေ့လိုက်သည်။
ထို့နောက်စက္ကူပေါ်သို့ဆွဲချလိုက်ရင်း
စိုက်ငေးနေမိသည်.....။

"နင်ကငါ့ဘဝကိုဖျက်ဆီးချင်နေတယ်ပေါ့
JeonJungkook...!!!!"

ကျောင်းမှပြန်လာသောအထက်တန်းကျောင်းသား
လေးသည်ရုတ်တရက်အိမ်ထဲဝင်ဝင်ခြင်း
ပြင်းထန်လှသောရိုက်ချက်တခုကြောင့်
ကြမ်းပြင်ပေါ်သို့ရုပ်ပျက်ဆင်းပျက်ပြိုလဲကျသွား
သည်။
နှာခေါင်းမှထွက်ကျလာသောသွေးတွေသည်
အဖြူရောင်Uniform ပေါ်သို့ချက်ချင်း
ပေကျံသွားတာကြောင့်လက်ဖြင့်မြန်မြန်ဆန်ဆန်
သုတ်ပစ်လိုက်သည်...။

"ကျတော် ဘာမှမလုပ်ဘူး မေမေ...."

"ကျောင်းမှာဆေးလိပ်ခိုးသောက်တယ်
သပ်သပ်မဲ့အမိခံတယ် ခု ငါ့သားက
ပျက်ဆီးနေတဲ့ကောင်ဆိုတဲ့အကြောင်း
မနာလိုတဲ့အောက်တန်းစားတွေက
သတင်းလွှင့်နေပီ...ရွေးကောက်ပွဲနီးနေလို့
ဒီလိုချိန်မျိုးမှာ ဘယ်လောက်သတိထားရလဲ
နင်သိလား ...နင်ငါ့လမ်းကိုလာမရှုပ်စမ်းနဲ့
အရူးလိုကောင်ရဲ့...."

"ကျတော် ဆေးလိပ်သောက်ရုံနဲ့
မေမေ မရှုံးပါဘူး...."

ဖြောင်း....။

Butterfly...Jeon🦋 (Completed)Where stories live. Discover now