Arc-1 (Jun Ren)

333 37 2
                                    

CHAPTER-1.10
Zawgyi

ဇာတ်လိုက်က ဒီနေ့သူတို့နှစ်ယောက်spaသွားရန်ရုတ်တရက် ဆုံးဖြတ်လိုက်သည်။Queen ကတော့အနည်းငယ်တွန့်ဆုတ်နေပြီး သံသယလေးလဲဖြစ်လ်ု့လာသည်။ ဒီဇာတ်လိုက်ကောင်က spaသွားချင်နေတယ်?! သူမဒီကမုရောက်တုန်းက အမြဲလိုလိုသူမတစ်ယောက်တည်းဘဲ spa သွားနေရတာဖြစ်သည်။ အခုကဘာလို့ဇာတ်လိုက်ကသူမကို အတူလိုက်ပါရန်ပြောနေသည်?
အလုပ်ရူး ရူးနေတဲ့ဇာတ်လိုက်ကောင်က ဘာဖြစ်သွားတာလဲ?

ဒါပေမယ့်Queenက အခြေခံကိစ္စတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ စားတယ်။ ရေချိုးတယ်။ သူတို့သွားမယ့်ဆီကိုဇာတ်လိုက်ရဲ့ ဈေးကြီးလွန်းတဲ့ အနက်ရောင်porscheကားနဲ့ မသွားခင်သူမရဲ့ လည်ဆွဲလေးကိုဆွဲလိုက်သည်။ systemကသူမကိုသတိပေးလာတဲ့အခါမှာတော့ သူမကအနီခေါင်းအုံးလေးပေါ်မှာ လှဲနေတာဖြစ်သည်။

[Host သင်နဲ့ဇာတ်လိုက်တို့သွားမယ့်spaက ဇာတ်လိုက်မရဲ့အကိုအလုပ်လုပ်နေတဲ့နေရာဘဲ]

'ဟမ်? အဲ့လူရဲ့အကြောင်းအပြည့်အစုံကဘာလဲ'

[သူ့ရဲ့နာမည်က Bern။ သူ့ရဲ့အသက်ကဆယ့်ကိုးနှစ်ရှိပြီ။ သူက သူ့ရဲ့ညီမလေးကဒီမြို့မှာရှိနေတာကိုမသိသေးဘူး။ ပြီးတော့modelရှိုးပွဲမှာ ပါဝင်နေတာလဲမသိသေးဘူး။ သူကအတွက်အချက်သမားတစ်ယောက်ဖြစ်ပြီးတော့ လိမ်မာပါးနပ်တယ်။ သူ့မှာကပြစ်မှုတွေထဲက အမြဲတမ်းရှောက်ထွက်သွားနိုင်ဖို့ မြောက်များတဲ့အထောက်အထားတွေရှိပြီးသားဘဲ။ ကျွန်ုပ်သင့်ကို သင်နောက်ထပ်လှမ်းမယ့်ခြေလှမ်းတွေကို အထူးဂရုစိုက်ဖို့ပြောချင်ပါတယ်။]

'ဟင်...နှလုံးသားအမှတ်ကဘယ်လောက်လဲ?'

[နှလုံးသားအမှတ်က အနီရောင်-၃၂%ကို တရားဝင်ရောက်ရှိနေပါပြီ]

ခနလောက်တိတ်ဆိတ်သွားပြီး....

'systemရေ။ ငါထူးဆန်းတာမျိုးတစ်ခုခုလုပ်ချင်တယ်။' systemကတော့သူ့ရဲ့hostကို ကြည့်ရင်းနဲ့တိတ်ဆိတ်လို့နေသည်။

[သင် သိပြီးသားလား?]

'ဟမ်? အဲ့..အဲ့ဒီ့Bernဆိုတဲ့ကောင်က ဗီလိန်ကြီးမှတ်လား? ဟုတ်တယ်။ ပြီးတော့ဗီလိန်မက ဇာတ်လမ်းရဲ့နောက်ပိုင်းမှာထွက်လာမှာလေ။ ဟုတ်တယ် ငါဇာတ်လမ်းဇာတ်ကွက်တွေကို ဖောက်ထွင်းပြီးတော့မြင်နေရတယ်။ ဇာတ်လိုက်ကလည်းချစ်မိသွားဖို့ဆိုတာ ဇာတ်ကောင်တွေကလည်းလိုသေးတယ်လေ။' သူမပြန်ဖြေလိုက်သည်။ systemကတော့ဇဝေဇဝါဖြစ်သွားကာ hostကိုကြည့်လိုက်သည်။ ပြီးတော့သိလိုက်တာက hostကပြုံးနေပေမယ့် သူအးမရဲ့မျက်လုံးထဲမှာပျော်ရွှင်မှုဆိုတာရှိမနေပေ။ ပြီးတာနဲ့ သူမက သူမရဲ့ကြောင်မျက်လုံးလေးကိုမှိတ်လိုက်ပြီစတော့ အိပ်ပျော်သွားတော့သည်။

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Where stories live. Discover now