အဖြူရောင်နယ်မြေ

296 23 3
                                    

Zawgyi

Host က ခေါင်းမူးနောက်စွာနဲ့နိုးထလာခဲ့ပြီးသူမရဲ့ခန္ဓာကိုယ်ကလည်း နာကျင်လို့နေသည်။ သူမမျက်နှာကိုရှုံ့မဲ့လိုက်ပြီး သူမမျက်လုံးတွေကိုဖွင့်လိုက်ကာ သက်သောင့်သက်သာရှိတဲ့အဖြူရောင်ကုတင်ပေါ်မှာထိုင်နေလိုက်သည်။

သူမအခုရောက်ရှိနေတဲ့နေရာက သူမပထမကမ္ဘာကိုမကူးပြောင်းမီတုန်းကရှိနေခဲ့တဲ့နေရာဘဲ။ သူမရဲ့လူသားပုံစံကဘယ်လိုပုံလဲဆိုတာကို ဆန်းစစ်ရန်ဆုံးဖြတ်လိုက်သည်။

အနက်ရောင်ရေလှိုင်းတွန့်ဆံပင်က ပုခုံးထိရှည်နေပြီး ကျောက်စိမ်းလိုမျိုးဖြူဝင်းနေတဲ့အသားအရည်ကနူးညံ့တဲ့ပုံပေါ်နေသည်။ သေးငယ်တဲ့ဗာဒံသီးလိုမျက်လုံး၊ နှာခေါင်းလုံးလုံးလေးနဲ့ ပွင့်ချပ်နဲ့တူတဲ့ပန်းရောင်နှုတ်ခမ်း။ သူမကရိုးရှင်းတဲ့အဖြူရောင်ဂါဝန်ကိုဝတ်ဆင်ထားသည်။ သူမကအရမ်းကိုချစ်ဖို့ကောင်းနေသည်။

[Host! သင်နောက်ဆုံးတော့နိုးလာခဲ့ပြီ! ငတုံးhostလေး! ဘာလို့သင်သေတာမြန်ရတာလဲ?! သင်ထိုကမ္ဘာကိုရောက်တာ တစ်နှစ်တောင်မပြည့်သေးဘူးလေ ဘာလို့အလွယ်တကူသေလိုက်ရတာလဲ?! ယုံတောင်မယုံနိုင်ဘူး!] ကြောင်စနစ်လေးက အွန်လိုင်းပေါ်တက်လာခဲ့ပြီးသူ့ရဲ့hostကို ချက်ချင်းဘဲဆူပူတော့သည်။ hostကတော့ ဆူညံပူညံလုပ်နေတဲ့ systemကိုကူရာမဲ့နေသည်။ စကားမပြောခင်သူ့ရဲ့ဒေါသကိုအရင်ဆုံး ငြိမ်းသတ်လိုက်သည်။

"ပထမကမ္ဘာကအရမ်းကိုအန္တရာယ်များလွန်းတယ်...အဲ့ဒီဇာတ်လိုက်ကောင်...ငါသူ့ကိုချစ်မိတော့မလို့။ အဲ့တာကြောင့် ငါအရှိန်မြင့်ပြီးမစ်ရှင်ကိုချက်ချင်း အဆုံးသတ်လိုက်တာလေ။ ကဲအဲ့တော့ကဘယ်လိုဖြစ်သွားလဲ။ ငါ့ရဲ့အခြေအနေလေး?" သူမမေးလိုက်သည်။

[Stats!

Host : xxx

Level : 2/100

Exp : 2000

သိမ်းဆည်းထားမှု : [ကွက်လပ်]

စွမ်းရည် : ????

ဂုဏ်ကျက်သရည် : 50

ထက်မြတ်မှု : 45]

"ဟေး! ငါ့ရဲ့ထက်မြတ်မှုကအဲ့လောက်ကြီးမနိမ့် သင့်ဘူး!"

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 15, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Donde viven las historias. Descúbrelo ahora