Arc-1 (Jun Ren)

732 96 0
                                    

Unicode
CHAPTER -1.4

Hostလေးနိုးလာတဲ့အချိန်မှာတော့ system ကလိုင်းပေါ်ပြန်တက်လာပြီဖြစ်သည်။ ပြီးတော့systemလေးမှာတော့ခက်ခက်ခဲခဲနဲ့ သူ့ရဲ့hostကိုနှိုးလို့နေခဲ့တာဖြစ်သည်။

[Host! သင်ကဒီကမ္ဘာမှာကြောင်မလေးဘဲဖြစ်ပါတယ်။ ဒါနဲ့hostနတ်ဝိဇ္ဇာအတတ်များတတ်ထားလား!? ဇာတ်လိုက်ရဲ့နှလုံးသားအမှတ်ကအပြာရောင်အဆင့်ကိုရောက်သွားပြီ!!! hostကအရမ်းလန်းတာဘဲ! ဒီsystem လေးမှာ ကြက်သီးတောင်ထတယ်]

'ဘာသောက်ကျိုးနည်းစကားတွေပြောနေတာလဲဟ?! အပြာရောင်အဆင့်?! ငါကအစကတည်းက အဲ့ဇာတ်လိုက်ကောင်ကိုမုန်းနေတာကြီးကို! အဲ့ကောင်ကဘာထဖြစ်တာလဲဟ?!' သူတွေးနေတဲ့အချိန်မှာတော့ သူ့ရဲ့မျက်နှာကပြောင်းသွားကာ သူ့ရဲ့‌ကြောင်မျက်နှာလေးကအရမ်းကိုထူးဆန်းပြီးချစ်စရာကောင်းတဲ့ပုံဖြစ်နေလေသည်။

[ဝါး...hostရေ! အပြာရောင်အဆင့်ကတဖြည်းဖြည်းနဲ့ အဆင့်တက်လာပြီ! 20%...23...25%! ဒီဇာတ်လိုက်ရဲ့အားနည်းချက်က‌ ကြောင်များဖြစ်နေမလား?!] Systemလေးကတော့ဇာတ်လိုက်ကိုသံသယတွေနဲ့ စိုက်ကြည့်လို့နေသည်။

ခနအကြာမှာတော့systemကသူ့ကို
ဇာတ်လိုက်ကသူ့ကိုယူဆောင်ဖို့ အကြံအစည်ရှိနေခဲ့ပြီး သူ့(Jun Ren)ရဲ့ပြောင်သလင်းခါနေတဲ့ရုံးခန်းထဲကိုလည်းကြောင်ရဲ့ပစ္စည်းတွေကိုထပ်ဖြည့်နေတဲ့အချိန်အတွင်းမှာ အိမ်ဖော်နဲ့လိုအပ်ချက်အနည်းလောက်ကတော့သူ့အတွက်လိုအပ်နေကြောင်းစဉ်းစားနေသည်ကို ပြောလာတဲ့အချိန်မှာတော့ သနားစရာ hostလေးကတော့ပေါက်ကွဲလာခဲ့သည်။

'အရှက်မရှိကောင်! အနှောက်အယှက်ပေးလိုက်တာ!'

[Host! စိတ်ထိန်းပါဦးhost! ဇာတ်ကြောင်းတွေအရ ဒီနေ့စမှာဖြစ်တဲ့အတွက်hostအနေနဲ့ ဇာတ်လိုက်ကိုဇာတ်လိုက်မဆီမှာ စိတ်ခံစားချက်တွေရှိမလာအောင် တားဆီးပါ! သင့်ရဲ့missionကရှိနေတုံးပါဘဲ!] systemလေးကသူ့ကိုစိတ်လျော့ဖို့ပြောနေတဲ့အတွက်ကြောင့်သူလက်ခံလိုက်သည်။

'ကောင်းပြီ! အဲ့တာကငါအသက်အရှင်နိုင်ဖို့အတွက်လုပ်မှရမယ်ဆိုလည်းမင်းပြောတဲ့အတိုင်းငါလုပ်လိုက်မယ်။ ငါတို့ဒီအနှောက်အယှက်လူသားကြီးကိုတလျောက်လုံး စောင့်ကြည့်ကြတာပေါ့!'

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Where stories live. Discover now