Arc-1 (Final)

357 48 3
                                    

CHAPTER-1.15
Zawgyi

HostကXiu Li ရှိုးပွဲမှာအနိုင်ရသွားတာကို တိတ်တဆိတ်စောင့်ကြည့်လို့နေသည်။ သူနိုင်သွားတာကောင်းပါတယ်။ တစ်ခြားတဖက်မှာတော့ အခြားသူတွေကဂုဏ်ပြုနေပေမယ့် ကမ္ဘာကြီးရဲ့ဇာတ်လိုက်မအဝတ်လဲခန်းမှာငိုနေလေသည်။ Hostကမတ်မတ်ရပ်လိုက်ပြီး သူမထိုင်ခုံပေါ်ကနေခုန်ချလိုက်သည်။ တခြားသူတွေရဲ့ခြေလှမ်းတွေကိုရှောင်ဖယ်လိုက်ပြီး သူမတည်ရှိမှုကိုဖုံးကွယ်လိုက်သည်။ အခုအပြီးသတ်ဖို့အချိန်ရောက်ပြီ...သူမအချစ်လို့ခေါ်တဲ့ထူးဆန်းတဲ့ခံစားချက်ကနေ မပျော်ရွှင်မီပေါ့။

"Systemရေ side taskတွေကိုပြပါအုံး" သူမအမိန့်ပေးလိုက်သည်။ system ခေါင်းငြိမ့်လိုက်ပြီး tasksတွေကိုပြလိုက်သည်။

[အဓိကမစ်ရှင်: 'Viral God'အဖြစ်ကျော်ကြားလာအောင်လုပ်ရန် [ပြီးဆုံး]

Side Task#1: ဇာတ်လိုက်မကိုပြိုင်ပွဲကနေအနိုင်မရအောင် တားဆီးပေးရန် [ပြီးဆုံး]

Side Task#2: ဇာတ်လိုက်မရဲ့ဘဝကိုရှုပ်ထွေးအောင်ပြုလုပ်ရန်

Side Task#3: ဇာတ်လိုက်မကိုကိုက်ရန်

အဓိကပန်းတိုင်: ၉၀-၁၀၀% နှလုံးသားအမှတ်သို့ရောက်ရှိရန်

Hidden မစ်ရှင်: ဗီလိန်ကိုဖော်ထုတ်ပါ [ပြီးဆုံး]]

"...အစဉ်လိုက်အတိုင်းကို ငါလက်ဖြောင့်တစ်ချက်တီးပြီးအကုန်လုံးကိုလုပ်ပြမယ်။" သူမပြောလိုက်သည်။ ပြီးတော့သူတို့ရဲ့ချိတ်ဆက်မှုကိုဖြတ်တောက်လိုက်သည်။ Systemကတော့ပြောစရာကိုမရှိတော့ပေ...အမ်...ဘာဖြစ်သွားတာလဲ?!

သူမအနည်းငယ်ဟနေတဲ့တံခါးဆီကိုသွားလိုက်ပြီးအဲ့အခန်းက ဇာတ်လိုက်ရဲ့ရုံးခန်းဆိုတာကိုတွေ့လိုက်ရသည်။ သူမအထဲကိုဝင်လိုက်ပြီးရှုပ်ပွနေတာကို မျက်မြင်တွေ့လိုက်ရသည်။ ပြီးတော့မိန်းကလေးတစ်ယောက်က ကြမ်းပြင်ပေါ်မှာစိတ်ဆင်းရဲစွာငိုနေလေသည်။ မိတ်ကပ်တွေကပျက်နေပြီး ဆံပင်ကလည်းရှုပ်ပွနေသည်။ သူမကိုကြည့်ရတာသနားစရာကောင်းနေသည်။

'ဘာလို့လဲ?!! ဘာလို့အဲ့ဒီရုပ်ဆိုးတဲ့ကောင်မကအနိုင်ရသွားတာလဲ?! ငါကဘာလို့ရှုံးရတာလဲ?! ငါကသူမထပ်ပိုပြီးအရည်အချင်းရှိတာလေ! ငါကမစ္စတာJun Renနဲ့တောင်အဆက်အသွယ်ရခဲ့သေးတယ်လေ! ဒါပေမယ့်အဲ့တာကဘာလို့မလုံလောက်တာလဲ?!!! အား!!!' ဇာတ်လိုက်မက ရှုပ်ထွေးနေပြီးသူမ၏ဆင်ခြေတုံးတရားသည်ဖရိုဖရဲဖြစ်နေသည်။ သူမဒီလိုပုံစံမျိုးဖြစ်နေတာကိုတွေ့ရတာက ဒီလူကတကယ်ကိုစိတ္တဇဆေးရုံဆီကိုပို့ဖို့လိုနေပြီဆိုတောhostကပြောနိုင်သည်။

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Where stories live. Discover now