Arc-1 (Jun Ren)

275 30 0
                                    

CHAPTER-1.12
Zawgyi

Hostကဆေးရုံမှာနှစ်လလောက်နေလိုက်ရသည်။ နေ့တိုင်းသူမက ဗီတာမင်အချို့နဲ့ဘဲနှစ်ပါးသွားနေရသည်။ ပြီးတော့လဲအမြဲတမ်းတစ်ပတ်ကိုနှစ်ကြိမ်သုံးကြိမ်ဘဲကျွေးသည်!!! ဒါကြီးကရူးချင်စရာဘဲ! သူမရဲ့ပထမအပါတ်အပြီးမှာ ဆရာဝန်နဲ့တွေ့ပြီးချိန်မဟုတ်ရင်သူနာပြုတွေနဲ့ သူမရဲ့ယာယီအခန်းထဲခေါ်သွားခံရတဲ့အချိန်ဆိုရင် လေ့ကျင့်ခန်းတွေလုပ်လာရသည်။ သူမအော်လိုက်ပြီး အထပ်မြင့်ပေါ်သို့ခုန်တက်လိုက်သည်။ သူတို့ရဲ့လက်တွေကိုကုတ်လိုက်ပြီး သူမကိုအောက်ချပေးရန်လုပ်နေချိန်တွင်သူမဒေါသထွက်စွာဟစ်လိုက်လေသည်။

systemကငြိမ်သက်နေပြီးhostကိုစိတ်ရှုပ်ထွေးမှုနဲ့အတူ ကြည့်လိုက်သည်။
[Hostဘာလို့ဆေးမသောက်ချင်ရတာလဲ? သင်ဒီလိုလုပ်နေရင်ပိုပြီးသက်သာလာမှာမဟုတ်ဘူးနော်]

'ငါသိပါတယ်။ ဒါပေမယ့်ဇာတ်လိုက်ကောင်ကငါ့ဆီလာမလည်တော့ ငါဒီမှာပိတ်မိနေပြီလေ။ ငါဘယ်လိုနှလုံးသားအမှတ်ကိုတိုးလာအောင်လုပ်ရတော့မှာလဲ?! ဒါကငါ့ရဲ့ဖြေရှင်းချက်ဘဲ။'

[ဒါပေမယ့် တုံးအနေတုံးဘဲ...အကယ်၍အလုပ်ဖြစ်ခဲ့ရင်ပေါ့ *သက်ပျင်းချ*] systemကသူမကိုတစ်ယောက်ထဲထားခဲ့တော့သည်။

အချိန်သုံးရက်လောက်ရှေ့မတိုးနောက်မဆုတ်သာကြာပြီးတဲ့နောက်မှာတော့ဆရာဝန်တွေက ဇာတ်လိုက်ကိုစိတ်ပျက်လက်ပျက်နဲ့ ခေါ်လိုက်ပြီးသူ့ရဲ့ကြောင်ကမှားယွင်းနေကြောင်းကိုပြောလိုက်သည်။ သူတို့ကသူမကိုသုံးရက်လောက်အစာကောင်းကောင်းမကျွေးရသေးပေ။ ဘာလို့လဲဆိုတော့ သူမကအမြဲတမ်းအဲ့တာတွေကိုဖွက်ရင်ဖွက် မဟုတ်ရင်မစားဘဲဒီအတိုင်းထားထားတာတို့လုပ်တာကြောင့်ဖြစ်သည်။ သူတို့ကြိုးစားပြီးတော့စိတ်ငြိမ်ဆေးတွေလည်းပေးကြည့်ပါသေးတယ်။ ဒါပေမယ့်အဲ့တာကလည်း အသုံးမဝင်ချေ! သူမကအမြဲတမ်းတိမ်းလျှောင်နေခဲ့သည်။

'ငါတို့အရှုးပေးလိုက်ပြီ! သူ့ရဲ့သခင်ကိုခေါ်လိုက်တော့!'

အဲ့အချိန်မှာဇာတ်လိုက်က မော်လ်ဒယ်ရှိုးပွဲရဲ့တိုက်ရိုက်ထုတ်လွှင့်နေတဲ့နေရာမှာရှိနေပြီး ဝန်ထမ်းတွေကို ညွှန်ကြားဆနတာဖြစ်သည်။ ယနေ့ပွဲအတွက်မီးမောင်းထိုးတဲ့အကြောင်းကိုလဲ ဒါရိုက်တာနဲ့ဆွေးနွေးနေတာဖြစ်သည်။ သူလုံးဝမအားလပ်နေတာဖြစ်ပြီး အရမ်းကိုစိတ်ရှုပ်လို့နေပြီဖြစ်သည်။

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Where stories live. Discover now