Arc-1 (Jun Ren)

490 76 0
                                    

CHAPTER-1.7
Unicode

လူတိုင်းနီးပါးပါဘဲ။ တိရစ္ဆာန်ချစ်တဲ့လူတိုင်းက အဆိုပါမျှဝေထားတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု၏linkထဲကို ဝင်ကြည့်လို့နေသည်။ ကြည့်ရှုသူငါးဆယ်မီလီယမ်ကနေ တစ်ဘီလီယမ်လောက်ထိတိုးပွားလာသည်။ Hostကတော့ကြည့်ရှုနေသူတိုင်းကို သူမအကောင်းဆုံးနဲ့ ဖျော်ဖြေပေးနေသည်။ အချိန်တွေကုန်လွန်သွားတဲ့အခါမှာတော့ သူမကစားပွဲခုံအရှေ့မှာဘဲ ချစ်စရာကောင်းစွာနဲ့ အော်ညည်းလိုင်သည်။ ပြီးတနဲ့သူမရဲ့ ပင်လယ်ပြာရောင်မျက်လုံးလေးတွေက မှေးစင်းလာခဲ့သည်။ ကြည့်ရှုသူအားလုံးကလည်း သူတို့ရဲ့ရင်ဘတ်ထဲမှာချိုမြိန်တဲ့ ခံစားချက်တွေကပေါ်ထွက်လာခဲ့သည်။ သုံးနာရီတောင်မကြာလိုက်ပါဘူး။ ဒီချိုမြိန်ပြီးတည်ကြည်တဲ့ကြောင်လေးက သူတို့နှလုံးသားရဲ့တစ်နေရာမှာ ရောက်ရှိသွားခဲ့သည်။ အကယ်၍ကြောင်လေးကစာဖတ်နိုင်မယ်ဆိုရင် ကြည့်ရှုသူတွေကမှတ်ချက်တွေထိုင်ပေးနေဖို့ကို စိတ်ထဲထားမှာမဟုတ်ပေ။

[Awww!ကောင်းကောင်းအိပ်ပါ ငါ့ရဲ့ချစ်ရသူလေးရေ! *10hearts*]

[ကောင်းကောင်းအိပ်ပါ Queenရေ!]

[ကောင်းကောင်းအိပ်ပါ Queenရေ!+50]

[ကောင်းကောင်းအိပ်ပါ Queenရေ!+1000]

[ကောင်းကောင်းအိပ်ပါ Queenရေ!+infinite]

ကြည့်ရှုသူတွေကသူမကိုQueenဆိုပြီးတော့ နာမာ်ပေူလိုက်ကြသည်။ ဘာလို့လဲဆိုတော့ သူမကနတ်ဘုရားJun Renရဲ့ကြောင်လေးဖြစ်နေတဲ့အတွက်ကြောင့်ပင်။ လူတိုင်းကတိုက်ရိုက်ထုတ်လွှင့်မှုက ပြီးတော့မယ်လို့ထင်လိုက်ပေမယ့် ရုတ်တရက်အခန်းတံခါးကပွင့်လာပြီး သူတို့နဲ့ရင်းနှီးကျွမ်းဝင်နေတဲ့အသံက စိုးရိမ်ပူပန်မှုတွေနဲ့အတူ ထွက်ပေါ်လာတော့ သူတို့အရမ်းအံ့ဩသွားခဲ့သည်။

"ငါ့ရဲ့ကြောင်လေးကော?" လူတိုင်းကချက်ချင်းဘဲတုန့်ပြန်လိုက်သည်။

[နတ်ဘုရားဘဲ!!]

[အဲ့တာနတ်ဘုရားဘဲ!!!!]

[သူဘယ်မှာလဲ?!!]

Hostလေးကတော့သူမရဲ့နှာခေါင်းကို တရှုံ့ရှုံ့လုပ်ရင်းနဲ့Jun Ren၏ခေါ်သံကို တုန့်ပြန်လိုက်သည်။ သူရဲ့ခြေသံဟာအသံကျယ်လာပြီး သူ့ရဲ့စားပွဲခုံနားထိလမ်းကျှောက်လာပြီးမှ သူ့ရဲ့သက်ပြင်းချသံကို လူတိုင်းကြားလိုက်ရသည်။ သူ့ရဲ့လက်ကကင်မရာဆီမပေါ်လာခင် ကြောင်လေးရဲ့ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။ သူမကလည်းအသိအမှတ်ပြုတဲ့အသံလေးပေးလိုက်သည်။ Jun Renကလည်သာခုံပေါ်မှာ ထိုင်လိုက်ပြီးကြောင်လေးကိုလက်တစ်ဖက်နဲ့ ရင်ဘက်ပေါ်တွင်ထားလိုက်ပြီး ကျန်တဲ့လက်တစ်ဖက်ကလည်းထိန်းကိုင်လိုက်သည်။

PET SYSTEM: BE THE FAMOUS PET OF ALL(Myanmar Translation)Where stories live. Discover now