Part 22 🍩Uni

7.5K 370 36
                                    

ဂုဏ်တို့ လေယာဥ်ဆိုက်တော့ ကိုကိုက ခရီးပန်းလို့ထင်သည် အိပ်နေသေးတာမို့ ဂုဏ်လည်းမနှိုးတော့ပဲ ကိုကို့ ကိုယ်လုံးလေးကို ပွေ့ချီကာ လာကြိုခိုင်းထားတဲ့ ကားနဲ့ မိမိအိမ်ကိုပဲ မောင်းလာခဲ့လိုက်သည် ။ ဝန်ထမ်းတွေအားလုံးကိုလည်း အိမ်ပြန်ဖို့ လိုင်းကားစီစဥ်ပေးခဲ့လိုက်သည် ။

အိမ်ရောက်တော့ ကိုကို့ကို အခန်းထဲက ကုတင်ပေါ် အသာလေးချပေးလိုက်ပြီး ဂုဏ်ကတော့ လူလန်းဆန်းသွားအောင် ရေချိုးလိုက်တော့သည် ။
ရေမချိုးခင် ကိုကိုရောညစာမစားရသေးတာမို့ Delivery ဖြင့် ကြက်ကြော်နဲ့ Pizza ရယ် Cola အအေးရယ် လာပို့ခိုင်းထားလိုက်သည် ။ ဂုဏ်ရေချိုးပြီး အခန်းထဲက ထွက်လာသည်အထိ ကိုကိုက ကုတင်ပေါ်မှာ အိပ်နေတုန်းပင် ။
ကိုယ့်ထက်အသက်ကြီးတယ်လို့ လုံးဝမထင်ရတဲ့ ဒီလူကြီးပေါက်စလေးက မိမိအပိုင်ဖြစ်လာပြီဆိုတာကို ဂုဏ်တွေးရင်း တွေးရင်း ကြည်နူးလို့ပင်မဆုံး။

Ring Ring

"" ဟယ်လို ""

"" ဟယ်လို ကျွန်တော် မုန့်မှာထားတာ လာပို့တာပါဗျ ""

"" အော် ခဏစောင့် အခုထွက်ခဲ့မယ် ""

"" ဟုတ်ကဲ့ဗျ ""

ဂုဏ်လည်း ဖုန်းချလိုက်ပြီး ခြံရှေ့ထွက်ကာ ယူလိုက်သည် ။ ထို့နောက် မီးဖိုထဲဝင်ကာ စားစရာတွေကို ထည့်ပြီး စားဖို့ပြင်ဆင်ထားခဲ့ကာ ကိုကို့ကို နှိုးဖို့ အခန်းထဲဝင်သွားလိုက်သည် ။

ကိုကို့ကို နှိုးဖို့ကြည့်လိုက်တော့ အိပ်ပျော်နေတဲ့ ကိုကိုကပြုံးနေသည် ။ အိမ်မက်ထဲမှာ ဘာတွေတွေးပြီး ပြုံးမေသည် မသိ ။

"" ကိုကို ကိုကိုရေ ထပါဦး ကိုကို ထဦးလို့ ""

"" အင်းးးးးး ဘာဖြစ်လို့လဲ မောင် ""

"" ကိုကို ဘာတွေအိမ်မက်မက်နေတာလဲဟင် ""

"" ဟာမောင်ရာ ဒါလေးမေးဖို့ကို ရေးကြီးသုတ်ပြာ နှိုးရလား ""

"" ကိုကိုက အရမ်းပြုံးနေတာကိုး ကိုကို့အိမ်မက်ကဘာလဲ မောင့်ကို ပြောပြ ""

"" အင်း ကိုကိုလည်း ရုတ်တရက်ဆိုတော့ မေ့သွားပြီ ""

"" ဒါဆို အိမ်မက်ထဲမှာ မောင်ပါလား ""

Sexual desire with love⚠️( Z+U)CompleteTahanan ng mga kuwento. Tumuklas ngayon