Part 28🐤Zaw

4.7K 128 27
                                    

ရှင်းသန့်တစ်ယောက် အိမ်နဲ့ ပြသနာ အကြီးအကျယ်တက်ခဲ့သည် ။ လွတ်လွတ်လပ်လပ်နေနေတာကို ပျက်စီးတယ်ဆိုပြီး ခြေငြိမ်အောင်မိန်းမပေးစားမယ်တဲ့ ။ မယူနိုင်ဘူးပြောတော့ ရည်းစားရှိရင်ခေါ်ခဲ့ ပေးစားမယ်တဲ့ အဲ့လိုခေါ်ပြရအောင်ကလည်း ရည်းစားကမရှိ ။ ဒါနဲ့ပဲ အိမ်ကမသိအောင် ခိုးထွက်လာခဲ့သည် ။ ဖြစ်ချင်တော့ ဖုန်းရော ပိုက်ဆံအိတ်ပါ အခန်းထဲမေ့ကျန်ခဲ့သည် ။ သူငယ်ချင်းတွေဆီ သွားနေဖို့ကျတော့လည်း သူတို့မိဘတွေက ကိုယ့်ကိုသိပ်မကြည်။ ဒါကြောင့် ဟိုလူကြီးအိမ်ကို ရောက်ချလာခဲ့ခြင်းဖြစ်သည် ။

ရောက်ရောက်ချင်း တံခါးခေါက်လိုက်တော့ လာဖွင့်ပေးပြီး လူကိုပြူးပြူးကြီးကြည့်နေတဲ့ ထိုလူကြောင့်

"" ကျွန်တော့်ကို ဒီတိုင်းရပ်ခိုင်းထားတော့မှာလား ""

"" ဟင်....အာ မဟုတ်ဘူး လာလေ ရှင်း အိမ်ထဲဝင် ""

နိုင်ဇော်တစ်ယောက်တော့ လွမ်းနေတဲ့အချိန် ဒီပေါက်စကိုမြင်လိုက်ရတဲ့အတွက် အိမ်မက်များမက်နေလားဆိုပြီး အယောင်ယောင်အမှားမှား ။

"" ရှင်း ဘယ်ကနေလမ်းမှားပြီး ရောက်လာတာလဲ ""

"" ဘယ်ကမှလမ်းမမှားဘူး ခင်ဗျားဆီသက်သက်လာတာ ""

"" အဟဲ ကိုယ့်ကိုလွမ်းလို့လား ""

"" အော် အဲ့လိုထင်လို့လား ""

"" ဒါပေါ့ ဟင်းဟင်း ""

(  ကွန်ဖီးဒန့်လယ်ဗယ်တွေ ဆိုးဟိုက်နေပြီ နိုင်ဇော်တို့က )

"" အိမ်ပေါ်ကဆင်းလာတာ နေစရာမရှိလို့ အဲ့တာတခြားနေရာစဉ်းစားမရလို့ ခင်ဗျားဆီလာတာ ""

"" ဟင် ဘယ်လိုဖြစ်ပြီး အိမ်ပေါ်ကဆင်းလာရတာလဲ ရှင်းရဲ့ ""

"" အဲ့ကိစ္စတွေအခုမပြောချင်သေးဘူး အခုခင်ဗျားပြော ကျွန်တော့်ကို ဒီမှာပေးနေမလား ပေးမနေဘူးလား ""

ရှင်းကို မေးပေးကြပါဉီး အခုက သူ့အိမ်လား ကျွန်တော့်အိမ်လား ပြောတာကိုက အပေါ်စည်းက ကိုယ်တော်လေးက အချေဗျို့ ။ ဒီကလည်း ဒီအချေပေါက်စကိုမှ ကြွေနေတာ ဒုက္ခ ။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now