Part 13🍎Uni

10.5K 520 36
                                    

""ဟုတ်ပြီ မောင် ကိုကိုပြောမယ် နားထောင်""

ဂုဏ်လည်း ကိုကိုပြောမယ့်စကားတို့ကို စိတ်ဝင်စားစွာ နားထောင်တော့သည်။

"" ကိုမင်းဝေယံ ဆိုတာ ကိုကိုတို့အိမ်နဲ့ ဘေးချင်းကပ်ရပ်အိမ်က အစ်ကိုတစ်ယောက် ။ ငယ်ငယ်တုန်းက ကိုကိုက စကားနည်းတော့ အပေါင်းအသင်း သူငယ်ချင်းရယ်လို့မရှိဘူး ။ တစ်နေ့တစ်နေ့ ဖေဖေဝယ်ပေးတဲ့ အရုပ်တွေနဲ့ပဲ အိမ်ထဲမှာ တစ်ယောက်တည်းကစားပြီး အချိန်တွေကို ကုန်ဆုံးခဲ့တယ်။ မေမေတို့ကတော့ သူ့သားလေးကို သူငယ်ချင်းတွေ သိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေစေချင်တာပေါ့။ လူစိမ်းကြောက်တဲ့သူတစ်ယောက်လည်း မဖြစ်စေချင်ကြဘူးလေ။ ကျောင်းမှာတော့ အလိုက်အထိုက် စကားနည်းနည်းပါးပါးပြောပေမဲ့ ရပ်ကွက်ထဲမှာဆော့ကစားတာဘာညာမရှိဘူး။ အဲ့လိုနဲ့ တစ်နေ့ ကိုကိုတို့ဘေးအိမ်ကို မိသားစုတစ်စု ပြောင်းလာခဲ့တယ်။ သူတို့က ဘေးချင်းကပ်ရပ်ဖြစ်တဲ့ ကိုကိုတို့အိမ်ကို တစ်မိသားစုလုံးလာပြီး မိတ်ဆွေလာဖွဲ့ကြတယ်။ သူတို့မိသားစုက လေးယောက် ကိုကိုနဲ့ အသက်တူ ကောင်မလေးတစ်ယောက်ရယ် အဲ့ကောင်မလေးရဲ့ အစ်ကို ရယ်။
ကောင်မလေးနာမည်က မြတ်နိုးဝေတဲ့ သူ့အစ်ကိုက ကိုမင်းဝေယံ။
အဲ့တုန်းက ကိုကို့အသက်က ၁၂လောက်ပေါ့ ၈တန်းတက်မှာ။ မေမေတို့ကတော့ သူ့သားလေး အဖော်တွေရပြီဆိုပြီး အပျော်ကြီး ပျော်နေတော့တာပေါ့။ မြတ်နိုးက ကိုကိုနဲ့ ရွယ်တူပဲဆိုတော့ ကျောင်းအတူသွား အတူလာရင်း တော်တော်လေးခင်မင်သွားကြတယ်။ကိုမင်းဝေယံကတော့ တက္ကသိုလ် ပထမနှစ် တက်နေတော့ ကိုကိုနဲ့သိပ်မတွေ့ဖြစ်ဘူး။ တစ်နေ့တော့ မေမေတို့က ခရီးသွားဖို့ အကြောင်းဖန်လာတော့ ကိုကို့ကို အိမ်မှာ တစ်ယောက်တည်းထားဖို့ရာ စိတ်မချတာနဲ့ မြတ်နိုးတို့အိမ်ကို ပို့ပေးထားခဲ့တယ်။  မေမေတို့က ခရီးထွက်သွားတာ ၄ရက်လောက်ကြာခဲ့တယ်။ အဲ့အတောအတွင်းမှာ
ကိုမင်းဝေယံနဲ့တော်တော်လေးရင်းနှီးလာခဲ့တယ်။ သူက ကိုကို့ကို ပိုင်လေး ပိုင်လေးနဲ့ ပါးစပ်ဖျားကမချတော့ဘူး။သူ့ကိုလည်း ကိုမင်းလို့ပဲ ခေါ်ခိုင်းခဲ့တယ်။ မြတ်နိုးက အဲ့အခေါ်အဝေါ်တွေကြားပြီး ကိုကို့ကို သူ့အစ်ကိုနဲ့ ပေးစားသလိုတွေ ခဏခဏစလာတယ်။ အဲ့အချိန်မှာ ကိုကိုကလည်း စိတ်ကစားတတ်တဲ့ အရွယ်ဖြစ်နေတာရော
ကိုမင်းဝေယံကလည်း ကိုကို့ကို ရည်းစားစကားပြောပြီး အတင်းအဖြေတောင်းတဲ့အချိန် ကိုကိုနဲ့သူရည်းစားဖြစ်သွားခဲ့တယ်။....""

Sexual desire with love⚠️( Z+U)CompleteOnde as histórias ganham vida. Descobre agora