Part 36 ⚠️Uni

8.7K 268 26
                                    

အခုတလော လူက တခုခုဆို အရမ်းဝမ်းနည်းနေသည်။ ဘာဖြစ်လို့ဖြစ်မှန်းမသိ ။ အခုလည်း ကိုကိုကဆူတာမို့ ဝမ်းနည်းပြီး ထမင်းမစားပဲ အခန်းထဲပြန်လာခဲ့သည်။ ကိုကိုလာချော့မယ်ထင်ပြီး စောင့်နေသော်လည်း လုံးဝပေါ်မလာ အခုမှ တကယ်ပိုကောက်ချင်သွားသည် ။ ကောက်ချင်တာထက် ဝမ်းနည်းစိတ်ကပိုပြီး လူကငိုချမိတော့သည်။ ထိန်းထားသော်လည်း မရတော့ .....

ပိုင်သစ်လည်း ဘိုးဘိုးနဲ့Dadအတွက် အချိုပွဲ ပြင်ဆင်​ပေးပြီး မောင့်ဆီသွားမယ်လုပ်သော်လည်း ဘိုးဘိုးက သူတို့နဲ့အတူ အသီးစားပါဦးဟု ခေါ်တာ
ကြောင့်  မငြင်းသာ၍ အတူထိုင်စားကာ TV ကြည့်နေရင်း လာနေတဲ့ဇာတ်ကားက ကောင်းတာကြောင့် မောင့်ကိုချော့ဖို့မေ့ပြီး ဇာတ်ကားကြည့်နေမိသည်။

"" အားးးး...ကိုကိုလွန်နေပြီ စိတ်ကောက်တာသိသားနဲ့ ခုထိ လာမချော့ဘူး အီးဟီး....ဒီက ဟင့် သူ့ကို
စောင့်နေတာကို..

ပါးစပ်ကတပြောပြောနဲ့ ဂုဏ်တစ်ယောက် မျက်ရည်တွေကို လက်ခုံနဲ့
သုတ်လျှက် အိမ်အောက်ကိုဆင်းလာတော့ ဟော တွေ့ပါပြီ သူ့ကိုပစ်ထားတဲ့ သူ့ရဲ့အသည်းအသက်
ဘိုးဘိုးနဲ့Dadကြားမှာ ထိုင်ပြီး အသီးစားကာ ရယ်မောပြီးဇာတ်ကားကြည့်နေလေရဲ့ ဒီကကောင်ကို တစ်ယောက်မှ သတိမရကြ တွေးရင်း တွေးရင်း လူကဝမ်းနည်းလာပြီး အော်ငိုချလိုက်တော့သည်။

"" အီးဟီး...မနေဘူး ဆင်းမယ် ဒီအိမ်မှာ မနေတော့ဘူး....""

ဇာတ်ကားကြည့်နေရာက အသံဗြဲကြီးနဲ့ မောင့်ရဲ့ငိုသံကြားတာကြောင့် ပိုင်သစ်တို့ လှည့်ကြည့်လိုက်တော့ အမလေး လှေကားထစ်မှာ ပယ်ပယ်နယ်နယ်ထိုင်ပြီး နှာရည်တွေကျတဲ့အထိ အော်ငိုနေတဲ့ ကောင်လေး ။ ပိုင်သစ်လည်း အခုမှသတိရတာကြောင့် မောင့်အနား အပြေးသွားလိုက်သည် ။

"" အာ မောင် မငိုနဲ့တော့လေ ""

"" ဟင့် ငိုမှာပဲ သွား..လာမခေါ်နဲ့ ပစ်ထားကြ ဒီကောင်ကို ရှိတယ်လို့ရော သတ်မှတ်သေးရဲ့လား ကိုပိုင်သစ္စာရဲ့ ဟမ် ""

အမလေး မောင်ရဲ့စိတ်ကောက်Levelက တော်တော်မြင့်နေပြီ ဘယ်လိုချော့ရမလဲ အကြပ်ရိုက်ရသည် ။ ဘိုးဘိုးတို့ကို အကူညီ ရလိုရညား လှမ်းကြည့်တော့ သူတို့ကို အာရုံမလာ ဇာတ်ကားသာကြည့်နေကြသည်။

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now