Part 33 🍵Uni

5.4K 251 25
                                    

"" ကိုကိုရေ ကိုကို ""

"" အင်း ....မောင် ဘာလဲပြောလေ ""

"" ရှင်းသန့် သတိရလာပြီတဲ့ ကိုနိုင်ဇော်ဖုန်းဆက်တယ် ""

"" အာ ဟုတ်လား ဒါဆို ကိုကိုတို့ ဆေးရုံသွားကြမယ်လေ ""

"" ဟုတ် သွားကြမယ် ကိုကို ""

~~~~~~~~~~~~~~~~~

"" ရှင်းလေး နေရတာ သက်သာလားဟင် ""

"" အင်း ""

"" ခေါင်းမူးသေးလားဟင် ""

"" ဟင့်အင်း ""

"" ကို သတိရသည်အထိ ရှင်းလေးက သတိမရသေးတော့ ကိုဘယ်လောက် စိတ်ပူသွားတယ်မှတ်လဲ ဓားထိုးခံရတဲ့ ကိုက တစ်ရက်နဲ့ သတိရပြီး ရှင်းလေးက ၃ရက်လောက် သတိမေ့သွားတာဆိုတော့ အဲ့တာ ကိုယ့်ကို စိတ်ပူလို့လားဟင်""

"" ဟင်.....အဟမ်း မဟုတ်....မ

ရှင်းလေး စကားတောင်မဆုံးသေး

"" ဟုတ်တယ် ကိုနိုင်ဇော်ရေ
ရှင်းသန့်က ကိုနိုင်ဇော်ကို တော်တော်စိတ်ပူသွားရှာတာ ""

"" အာ .....ကိုပိုင်သစ်ကလည်း ""

ရှက်သွားသော မျက်နှာနီနီလေးနှင့် မျက်နှာလွှဲသွားသော ရှင်းသန့်ကို
ကြည့်ပြီး  ကိုနိုင်ဇော်မှာတော့ အသည်းတယားယားနှင့် ဖက်နမ်းချင်စိတ်တို့ကတဖွားဖွား........

"" ကိုနိုင်ဇော်က သက်သာတော့တာလား ""

"" အေး ဂုဏ် ငါသက်သာနေပါပြီ ""

"" ရှင်းသန့်အနားချည်းကပ်မနေပဲ ကိုယ့်ကိုယ်ကို သက်သာအောင်နေပါဦးဗျာ ဟားဟား ""

"" သက်သာပါပြီဆိုကွာ ""

"" ဒါနဲ့ ဆေးရုံကဘယ်နေ့ဆင်းရမှာတဲ့လဲ ""

"" သက်သာရင် မနက်ဖြန်ဆို ဆင်းလို့ရပြီတဲ့ ""

"" လူမမာနှစ်ယောက်တည်း အတူနေလို့ ဖြစ်ပါ့မလား ""

"" အာ ဖြစ်ပါတယ် ဂုဏ်ရ ""

"" ဖြစ်ရင် ပြီးတာပါပဲဗျာ ""

"" မပြီးပါဘူး ကိုနိုင်ဇော်ရော
ရှင်းသန့်ရော ရောဂါအရှင်းမပျောက်မချင်း အိမ်မှာ ကျွန်တော်တို့နဲ့ အတူလာနေ ""

Sexual desire with love⚠️( Z+U)CompleteWhere stories live. Discover now